ဟောင်ကောင်၊ မတ် ၁၂

‌ဟောင်ကောင်မြို့ရဲ့ နေ့စဥ် ကိုဗစ် ၁၉ ကူးစက်မှု ကိန်းဂဏန်းများသည် မကြာသေးမီ ကာလအတွင်းက ကျဆင်းသွားခဲ့သောကြောင့် ရောဂါပျံ့နှံ့ကူးစက်မှုသည် အထွဋ်အထိပ်သို့ မရောက်‌သေးကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်က မတ်လ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

“အခုလိုအချိန်မှာ ကူးစက်မှူအထွဋ်အထိပ်ကို ရောက်နေခဲ့ပြီးလို့ ပေ့ါ‌ပေ့ါတန်တန် ပြောလို့ မရနိုင်သေးပါ ဘူး” ဟု လမ် က သတင်းထောက်များကို ပြောကြားခဲ့သည်။ 

ကျန်းမာရေးအာဏာပိုင်များ၏ သောကြာနေ့ ထုတ်ပြန်ချက်အရ ရောဂါကူးစက်မှုဖြစ်ရပ်အသစ် စုစုပေါင်း ၂၉,၈၃၁ ဦးအထိရှိပြီး ကြာသပတေးနေ့အတွင်းက ကူးစက်မှူဖြစ်ရပ်အသစ် ၃၁,၄၀၂ ဦး အထိ ရှိခဲ့ပါသည်။ 

မကြာသေးသော သီတင်းပတ်များအတွင်း စူပါမားကတ်များအတွင်း လူထုမှ အထိတ်တလန့်ဖြင့် ကုန် ပစ္စည်းများကို ဝယ်ယူခဲ့ခြင်းကြောင့် ပစ္စည်းပြတ်လပ်မှုများဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါအတွင် တရုတ်ပြည်မကြီးမှ အစားအသောက်ကုန်စည် ပံ့ပိုးပေးမှုဖြင့် ပုံမှန် အနေအထားအတိုင်း ပြန်လည် ဆောင်ရွက်နိုင်ခဲ့ပြီဟု လမ် မှ ဖြည့်စွက်ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်အစောပိုင်းကတည်းက စတင်လျှင် ကိုဗစ် ၁၉ ကူးစက်မှုများမှာ ၆၅၀,၀၀၀ အထိရှိပြီး သေဆုံး ၃၅၀၀ ကျော်ထိရှိကာ အမြင့်ဆုံးသေဆုံးမှုမှာ လွန်ခဲ့သောသီတင်းပတ်နှစ်ခုအတွင်း ဖြစ်ပေါ်ခဲ့ သည်ဟု မှတ်တမ်းများအရသိရသည်။ 

တရုတ်ပြည်မကြီးကဲ့သို့ ‌ဟောင်ကောင်သည်လည်း ကန်သတ်အတိုင်းအတာများနှင့်အတူ ကူးစက်မှုများ ကို ဖြတ်တောက်ရန် “Dynamic Zero” မဟာဗျူဟာကို အသက်သွင်းရန် ကြိုးစားချိန်တွင် အခြားသော မြို့များတွင် ဗိုင်းရပ်စ်နှင့် ယှဥ်တွဲနေထိုင်ရေးကို လေ့လာနေကြသည်။

Our World in Data အဖွဲ့အစည်း၏ မတ်လ ၉ ရက်‌နေ့အထိ ထုတ်ပြန်ချက်အရ ဟောင်ကောင်သည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လူတစ်သန်းလျှင် သေဆုံးမှုအများဆုံးဖြစ်သိဟု သိရသည်။

သေဆုံးသူအများစုမှာလည်း ကာကွယ်ဆေးမထိုးရသေးသော သက်ကြီးရွယ်အိုနိုင်ငံသားများ ဖြစ်ကြ သည်။  

ဟောင်ကောင်အရေးခြုံငုံရေးဆိုင်ရာ တရုတ်အကြီးတန်းအရာရှိ ရှဘောင်လောင် က တရုတ်၏ တုံ့ပြန်ချက်အဖြစ် ဟောင်ကောင်ရှိ ကူးစက်မှုထိန်းချုပ်ရာတွင် ပါဝင်ဆောင်ရွက်နေပြီး မြို့တော်၏ ကိုဗစ် ၁၉ အခြေအနေသည် ပြင်းထန်လျှက်ရှိနေသေးပြီး ရေရှည်စစ်ပွဲအတွက် စိတ်ပိုင်းဆိုင်ရာအရ လုံလောက်မှုရှိစွာ ပြင်ဆင်ထားရန်လိုအပ်သည် ဟုပြောကြားခဲ့သည်။

မှတ်ချက်များကို တုံ့ပြန်ရာတွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူးလမ်က “ဒီကပ်ဘေးကို တိုက်ခိုက်ဖို့ ကြိုးပမ်းအားထုတ်မှုတွေမှာ သူကို ပါဝင်စေတာကို ကျွန် အာမခံပါတယ်” လို့ ပြောကြားခဲ့ပေမယ့် ကူးစက်မှုကို ထိန်းချုပ်ဖို့ ‌ဟောင်ကောင်အစိုးရမှ ကြိုးစားပမ်းစားဆောင်ရွက်ခဲ့ခြင်းမရှိသည့်အပေါ် ရှုမြင်ရန် ပျက်ကွက်ခဲ့သည်။   

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.