မော်လမြိုင် ၊ မတ် (၁၃)

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း အခုနှစ် မတ်လမှာတော့ ဆန်ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတယ်လို့ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဆန်ဈေးနှုန်းဟာ မတ်လ ပထမအပတ်က ပေါ်ဆန်း တစ်အိတ် ကျပ် ၄၅၀၀၀ သာ ရှိခဲ့ရာမှ မတ်လဒုတိယအပတ်မှာတော့ တစ်အိတ် ကျပ် ၅၀၀၀၀ နီးပါးထိ ဈေးနှုန်း မြင့်တက်လာလို ဆန်ကြမ်း ဧည့်မထကလည်း တစ်အိမ်ကို ကျပ် ၂၇၀၀၀ ကနေ ၃၁၀၀၀ ကျော်ထိ ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။

ဈေးနှုန်း အပြောင်းအလဲဟာ တစ်ပတ်အတွင်း တစ်အိတ်ကို ကျပ် ၄၀၀၀ ကနေ ၅၀၀၀ ကျော်ထိ ဈေးနှုန်း ခုန်တက်သွားခဲ့တာ ဖြစ်ပါတယ်။

ဆန်ဈေးနှုန်း မြင့်တက်လာရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆန်းရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“စပါးတွေ မြင့်ပြီးတော့ ဆန်ဈေး မြင့်ရတာပေါ့၊ စပါးဈေးမှာ မြင့်သွားတယ် အဲ့လိုမျိုးပေါ့၊ ပထမကတော့ အန်တီတို့ ဝယ်တာ ဒီစပါး တစ်ရာဆိုရင်တော့ (၁၂)သိန်းခွဲ (၁၃)သိန်းပေါ့၊ အခုဝယ်ရတာ (၁၆)သိန်း ရှိတယ် (၁၅)သိန်းကျော် (၁၆)သိန်း အဲ့တာ စက်ကို မရောက်သေးဘူး၊ စက်အရောက် ဆိုရင် (၁၆)သိန်းခွဲလောက် ရှိတယ်၊ ဒီ(၃)ရက်အတွင်းမှာ တက်သွားတယ်၊ အများကြီးပါပဲ စပါးဈေး (၂)သိန်း (၃)သိန်းလောက်အထိ တက်သွားတယ်၊ အခုက မိုးတောင် မကျသေးဘူး ဈေးတက်သွားတာ မနှစ်က ဆိုရင် ဈေးသိပ်မရှိဘူး၊ မိုးအလယ်လောက်ပဲ တချက် တက်တာပေါ့၊ အခုတောင်မှ ဒီလောက်ဆိုရင်တော့ မိုးအလယ် ဘယ်လိုလာတော့မှန်းတောင် မသိဘူး”လို့ ဆိုပါတယ်။

ဆန်ဈေးနှုန်းဟာ လျှပ်စစ်မီးမမှန်တာ၊ စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာနဲ့ သယ်ယူပို့ဆောင်ရေး အပါအဝင် အထွေထွေ ကုန်ကျစရိတ် ကြီးမြင်နေတဲ့အတွက်ကြောင့် ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

ဆန်လုပ်ငန်းရှင်တွေကတော့ ဒီအခြေအနေအတိုင်း ဆက်လက် ရင်ဆိုင်နေရမယ်ဆိုရင် ဆန်ဈေးနှုန်း စံချိန်တင် မြင့်တက်လာဖို့ ရှိတယ်လို့ ဆိုကြပါတယ်။

ဆန်ဈေးနှုန်း မြင့်တက်လာတဲ့အတွက်ကြောင့် အခြေခံပြည်သူတွေမှာ စားဝတ်နေရေး အတင်းအကြပ်ကို ပိုမို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.