တိုကျို၊ မတ် ၁၁

မြောက်ကိုရီးယား၏ ပြောင်းလဲလာသော စစ်ရေးခြိမ်းခြောက်မှုကို တုံ့ပြန်ရာတွင် အမေရိကန်နှင့် နည်းလမ်း သုံးသွယ်ဖြင့် တိုးမြှင့်ရန် ဂျပန်ဝန်ကြီးချုပ်နှင့် တောင်ကိုးရီးယားသမ္မတသစ်တို့က သဘောတူညီခဲ့ကြောင်း ပြောကြား ခဲ့သည်။

တောင်ကိုရီးယားသမ္မတသစ်နှင့် ဖုန်းခေါ်ဆိုမှုအပြီးတွင် ဂျပန်ဝန်ကြီးချုပ်သည် မြောက်ကိုရီးယားအရေးနှင့် ပတ်သက်ပြီး နီးကပ်စွာ အဆက်အသွယ်ရှိရန် သဘောတူခဲ့ပြီး သဘောထားအမြင်တွေကို မျှဝေဖို့ရန် အမြန်ဆုံး တွေ့ဆုံလျှင် ကောင်းမွန်မည်ဟူသော သဘောထားကို သတင်းထောက်များအား ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် မကြာသေးမီက ၎င်း၏အကြီးမားဆုံး နျူကလီးယားလက်နက်  သယ်ဆောင်နိုင် သည့်  ပစ်ဒုံးကျည် (ICBM) စနစ်သုံးစွဲပြီး  လျှို့ဝှက်ဒုံးကျည်နှစ်ခု ပစ်လွှတ်ခဲ့ပြီး တာဝေးပစ်စမ်းသပ်မှုများ ပြန်လည်စတင်ရန်အတွက် လမ်းခင်းဖွယ်ရှိကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဒဏ်ခတ်ပိတ်ဆို့မှုများ အပါအဝင် မြောက်ကိုရီးယားနှင့် ဆက်ဆံရာတွင် သံတမန်နည်းလမ်းအားလုံးသည် အများအပြား လမ်းပွင့်နေပြီး ဂျပန်က မည်သည့်တုံ့ပြန်မှုတွင်မဆို အမေရိကန်နှင့် တောင်ကိုရီးယားတို့နှင့် နီးကပ်စွာ အချိတ်အဆက် ရှိနေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကီရှိဒါက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ ၁၉၁၀-၄၅ ခုနှစ်တွင် ကိုးရီးယား ပန်နီဆူလာကို ကိုလိုနီပြုခဲ့သည်မှ အစပြုခဲ့သော ပြဿနာများကြောင့် ဂျပန်၏ အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် စစ်အတွင်း လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့် ခိုင်းစေမှု အပါအဝင် အိမ်နီးချင်းနှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေခဲ့ဖူးပါသည်။

ကမ္ဘာ့အရေးကိစ္စများနှင့်ပတ်သက်၍ ကောင်းမွန်သော နှစ်နိုင်ငံဆက်ဆံရေးသည် မရှိမဖြစ်လိုအပ်ပြီး အဆင့်မြှင့် တင်ရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်ကီရှိဒါက ပြောကြားခဲ့သည်။

တောင်ကိုရီးယားသမ္မတသစ်ယွန်းက နှစ်နိုင်ငံ ဆိုင်းငံ့ထားသော ပြဿနာများကို ဖြေရှင်းရန် “ကျိုးကြောင်း သင့်မြတ်သည့် အပြန်အလှန် အကျိုးရှိသော နည်းလမ်းဖြင့်” ဖြေရှင်းရန် အရေးကြီးပြီး ဒေသတွင်း လုံခြုံရေးနှင့် စီးပွားရေး အပါအဝင် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များစွာ ရှိနေကြောင်း ဂျပန်ဝန်ကြီးချုပ်အား ပြောကြားခဲ့သည်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တောင်ကိုရီးယားသမ္မတသစ်ယွန်းသည် ၂၀၁၁ ခုနှစ်တွင် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူများနှင့် မိသားစုများအတွက် ဝမ်းနည်းကြောင်း သူက ထပ်လောင်းပြောကြားခဲ့သည်။

ဘာသာပြန် – အာသစ်

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.