စင်ကာပူ၊ မတ် ၁၁

စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြား ကုန်းလမ်းဖြတ်သန်းခွင့် အစီအစဥ်ကို မတ်လ ၁၄ ရက်နေ့မှ စတင်ပြီး နေစဥ့်ခရီးသည်ဝင်ရောက်ခွင့်အရေအတွက်ကို ၂၁၆၀ ဦးမှ ၃၄၂၀ ဦးတိုးမြှင့်သွားမည်ဟု မလေးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုဆောင်ရွက်ချက်သည် ကွာရန်တင်းနှင့် အခြားလိုအပ်ချက်များ မပါဝင်ဘဲ ပိုမိုများပြားသော ကာကွယ် ဆေးအပြည့်အဝထိုးနှံထားသည့် ခရီးသွားဧည့်သည်များ ဂျိုဟာပြည်နယ်နှင့် စင်ကာပူအကြားကို ဖြတ်သန်း၍ ခရီးသွားလာနိုင်ကြရန် ခွင့်ပြုမည်ဟု မလေးပို့ဆောင်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူကလည်း ခရီးသွားဧည့်သည် ဝင်ခွင့်အရေအတွက်များကို မြှင့်တင်သွားဖို့ကို The Straits Time သတင်းဌာနသို့ အတည်ပြု ပြောကြား ခဲ့သည်။ 

“နယ်စပ်ဖြတ်ကျော်ဝင်ရောက်မယ့် ခရီးသည်များကို ပိုမိုခွင့်ပြုပေးဖို့ ကျွန်ုပ်တို့ဟာ ကုန်းလမ်း နယ်စပ်မျဥ်းမှတဆင့် မလေးရှားနိုင်ငံနှင့်အတူ VTL ကို အစီအစဥ်တကျ ချဲ့ထွင်ဆောင်ရွက်နေပါတယ်။

၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့မှစတင်၍ ကုန်းလမ်း VTL အတွက် ခရီးသည် ကိုတာကို မြှင့်တင်သွား မှာဖြစ်ပြီး ခရီးစဥ်တစ်ကြောင်းလျှင် လက်ရှိနေ့စဥ်နှုန်းထား ၂၁၆၀ ဦးမှ ၃၄၂၀ ဦးအထိ ဖြစ်သွားမှာပါ။

ထိုအ‌ရေအတွက်မှာ ဘတ်စ်ကားခရီးစဥ်ပေါင်း ၇၆ စီးနှင့် ညီမျှပြီး အပိုဆောင်း လက်မှတ်ရောင်းချမှုများ ကိုလည်း ၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်နေ့မှ စ၍ ခွင့်ပြုသွားမှာပါ” ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့ သည်။ 

VTL အစီအစဥ်အတွက် ဘတ်စ်ကားပြေးဆွဲမည့် ကုမ္ပဏီနှစ်ခုမှာ Transter Travel နှင့် Causeway Link တို့ဖြစ်ကြသည်။ 

မလေးပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ “ခရီးသွားဧည့်သည်များသည် မထွက် ခွာမီနှင့် ဆိုက်ရောက်ချိန်များအတွင် စစ်ဆေးမှူများအပါအဝင် တည်ဆဲ VTL ၏ ကုန်းလမ်း ခရီးသွား လိုအပ်ချက်များအတိုင်း လိုက်နာရန်အဖို့ လိုအပ်နေသည်”ဟု ပါရှိသည်။ 

မလေးရှားနိုင်ငံသည် ဧပြီ ၁ ရက်မှစတင်ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို သာမန််ဖြစ်လေ့ဖြစ်ထရှိသော အခြေအနေ (Endemic Phase) အဖြစ် ကူးပြောင်းရန် စီစဥ်နေပြီး နိုင်ငံအတွင်းသို့ ဝင်ရောက်မည့် နိုင်ငံတကာလေကြောင်းလိုင်းများအတွက် များစွာသော ဖြေလျှော့မှုများနှင့်အတူ စင်ကာပူနှင့် နှစ်နိုင်ငံ ကြား VTL အတွက် အပို‌ဆောင်း ခရီးသည် အရေအတွက်ခွင့်ပြုမှုကိုလည်း တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဘာသာပြန် – အောင်မျိုးမြတ်  

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.