ဘေဂျင်း၊ မတ် ၁၁

တရုတ်ဝန်ကြီးချုပ် လီခချန်းသည် လာမည့်မတ်လတွင် ၎င်း၏ လက်ရှိရာထူးသက်တမ်းကုန်ဆုံးမည်ဖြစ်၍ ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သမ္မတရှီကျင့်ဖျင်၏ အနာဂတ်နှင့်ပတ်သက်၍ ပြန်လည်ဖွဲ့စည်းရေး မေးခွန်းထုတ်မှုများကြားတွင် လာမည့် အပြောင်းအလဲကို ညွှန်ပြနေသည်။

တရုတ်နိုင်ငံ၏ နံပါတ် (၂) အရာရှိအဖြစ် ၎င်း၏ဆယ်စုနှစ်များအတွင်း အောင်မြင်မှုများနှင့်ပတ်သက်၍ မေးခွန်း တစ်ခုအတွက် မတ် ၁၁ ရက်၌ ၎င်း၏နှစ်ပတ်လည်သတင်းစာရှင်းလင်းပွဲတွင် မစ္စတာလီ က ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် ဝန်ကြီးချုပ်သည် နိုင်ငံတော်ကောင်စီကို ဦးဆောင်ရပြီး ဝန်ကြီးဌာန အများအပြားကို ကြီးကြပ်ကာ သမ္မတက နိုင်ငံ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်သည်။ မစ္စတာ ရှီသည် ပါတီကို ဦးဆောင်ပြီး စစ်တပ်၏ စစ်ဦးစီးချုပ်လည်း ဖြစ်သည်။

“ဒီနှစ်ဟာ တရုတ်အစိုးရသက်တမ်းရဲ့ နောက်ဆုံးနှစ်ဖြစ်တယ်လို့ သင်ပြောခဲ့တယ်” “ဒီနှစ်ဟာ ကျွန်တော့်ရဲ့ ဝန်ကြီးချုပ်သက်တမ်း နောက်ဆုံးနှစ်လည်း ဖြစ်ပါတယ်” ဟု အသက် ၆၆ နှစ်ရှိ မစ္စတာလီက ပေကျင်းရှိ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ 

နိုင်ငံသည် ယခုနှစ် ဒုတိယနှစ်ဝက်တွင် ကျင်းပမည့် ကွန်မြူနစ်ပါတီ ညီလာခံကို ဆယ်စုနှစ်တစ်ခုတွင် တစ်ကြိမ်အဖြစ် ကျင်းပရန် ပြင်ဆင်နေပြီး ပါတီထိပ်တန်း ရာထူးများ ပြန်လည် ပေးအပ် ဖွဲ့စည်းမည် ဖြစ်သည်။

မစ္စတာရှီသည် ၂၀၁၈ ခုနှစ်တွင် သမ္မတသက်တမ်းကန့်သတ်ချက်များကို ဖယ်ရှားပြီးနောက် စံနမူနာပြ တတိယမြောက် ခေါင်းဆောင်အဖြစ် ဆက်ရှိနေရန် မျှော်လင့်ထားသော်လည်း အာဏာပိုင်များက ၎င်း၏ အစီအစဉ်များကို လူသိရှင်ကြား မှတ်ချက်ပေးခြင်းမရှိသေးပေ။

ပါတီခေါင်းဆောင်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သက်တမ်းနှစ်ရပ်သာ ကန့်သတ်ထားသည့် ရာထူးအတွက် လာမည့်ဝန်ကြီးချုပ်ကို ရွေးချယ်နိုင်သည်။

“CPC ဗဟိုကော်မတီရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုအောက်မှာ လုပ်ဖော်ကိုင်ဖက် ရှီကျင့်ဖျင်က ကဏ္ဍအသီးသီးကို အခိုင်အမာ ထောက်ခံအားပေးမှုတွေနဲ့ အထူးသဖြင့် နိုင်ငံတဝှမ်းက တရုတ်လူမျိုးတွေရဲ့ ပူးပေါင်းကြိုးစားမှုနဲ့ အတူ တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။ အခက်အခဲတွေကိုလည်း ကျော် လွှားနိုင်ခဲ့တယ်” ဟု မစ္စတာလီက ပြောကြားခဲ့သည်။

မစ္စတာလီသည် ပေါ်လစ်ဗျူရို၏ အမြဲတမ်းကော်မတီ၏ နံပါတ် (၂) အဖွဲ့ဝင်လည်းဖြစ်ပြီး ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်လျှင်ပင် ဆက်လက်ထားရန် လုံလောက်သည့် အသက်အရွယ် ရာထူးလည်းဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် မစ္စတာလီသည် ရာထူးတက်လာချိန်အထိ ပါတီရဲ့နံပါတ် ၂ ထိုအချိန်က NPC ဥက္ကဋ္ဌ ဝူဂမ်ဂေါင် Wu Bangguo က ဦးဆောင်ထားပြီး နံပါတ် 3 နေရာကို ထိုအချိန်က ၀န်ကြီးချုပ် ဝမ်ကျားပေါင်က ရှိနေခဲ့ပါသည်။

ဘာသာပြန် – အာသစ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.