မော်လမြိုင် ၊ မတ် (၁၁)

ငါးလုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ ကာလအတွင်း စက်သုံးဆီ ဈေးနှုန်း ၃ ဆနီးပါး မြင့်တက်လာတာအပြင် အထွေထွေကုန်စရိတ် ကြီးမြင့်ခဲ့တာကြောင့် ငါးရာသီသိမ်းချိန်မှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အခုလို အခြေအနေတွေကြောင့် လက်ရှိ ငါးဖမ်းရာသီ မပိတ်ခင် ရက် ၂၀ အလိုမှာ ငါးဖမ်းလှေ အများစု ကမ်းပြန်ဝင်လာကြပြီးလို့ ငါးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“အရှုံးပေါ်တာတွေ လည်းရှိတယ်၊ နောက် အရင်းထဲက ထွက်တာတွေလည်း ရှိတယ်၊ တချို့ကတော့လည်း ကောင်းတဲ့သူဆိုတာ လက်ချိုးရေလို့ ရတယ်လေ၊ ငါးအထိအမိ မဆိုးဘူး ဒါပေမယ့် ကုန်ကျစရိတ်က (၃)ဆ (၄)ဆ တက်သွားတော့ မကျန်တော့ဘူးလေ၊ စားစားသွားသွားပဲ ရာသီသိမ်းတဲ့ အခါကျရင် ဘာမှ မကျန်ဘူးပေါ့၊ လှေတွေ အားလုံး ရက်လည်း ပြည့်နေကြပြီး ဆီလည်းဈေး ထပ်တက်သွားတယ်ဆိုတော့ အားလုံး ဝင်လာကြတော့မယ်”လို့ ဆိုပါတယ်။

ဒါအပြင် လာမယ့်နှစ် ငါးဖမ်းရာသီမှာ စက်သုံးဆီဈေးနှုန်း ကျဆင်းခြင်း မရှိရင် ငါဖမ်းလှေ ၇၀ ရာခိုင်နှုန်းထက်မနည်း လုပ်ငန်းတွေ ရပ်နားသွားနိုင်တယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေ ၂၀၀၀ နီးပါး ရှိနေတာ ဖြစ်ပြီး ငါးလုပ်ငန်းအပေါ် မှီခိုရပ်တည်နေရတဲ့ အလုပ်သမား သောင်းနဲ့ချီ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.