ဘာလီ၊ မတ် ၁၀

ရုရှားနိုင်ငံမှ ခရီးသွားဧည့်သည် ကွန်စတန်တင် အယ်ဗာနိုဗ် (Konstantin Ivanov) သည် အင်ဒိုနီးရှားနိုင်ငံ ဘာလီအပန်းဖြေကျွန်းရှိ ငွေထုတ်စက်တစ်ခုတွင် ၎င်း၏နေအိမ်ဘဏ်အကောင့်မှ ငွေထုတ်ယူရန် ကြိုးပမ်းသော အခါ ငွေလွှဲခြင်းအားလုပ်ငန်းစဉ်အား ပိတ်ဆို့ခံခဲ့ရသည်။

ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ ရုရှား၏ဘဏ်များအပေါ် မကြုံစဖူးသော ပိတ်ဆို့ အရေးယူမှု များသည် အလုပ်လုပ်ကိုင်ရန် သို့မဟုတ် ခရစ်ပတို အရောင်းအဝယ်ပြုလုပ်ရန် ထွက်ခွာသွားနေကြတဲ့ နိုင်ငံရပ် ခြားရှိ ၎င်း၏ နိုင်ငံသားများကိုပါ ထိခိုက်စေပါသည်။

“ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့ ပြဿနာတစ်ခု ဖန်တီးပေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ငွေကြေးတွေကို လုံးလုံးလျားလျား ဖယ်ထားခဲ့ပြီးပါပြီ။ အဲဒါတွေက လုံးဝ ပိတ်မိထားသလိုပဲ၊ အဲဒါတွေကို ဒီမှာ လုံးဝ အသုံးမချနိုင်ပါဘူး” ဟု အင်ဒိုနီးရှားမှာ အလုပ်ရဖို့ရှာဖွေနေတဲ့ အသက် ၂၇ နှစ်အရွယ် အယ်ဗာနိုဗ် (Ivanov) က ပြောကြားခဲ့သည်။ 

မြို့တော်ဂျကာတာရှိ ရုရှားသံရုံးအား ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုခဲ့သော်လည်း ချက်ချင်းတုံ့ပြန်ခြင်းမရှိခဲ့ပေ။

ဘာလီသည် ကပ်ရောဂါမဖြစ်ပွားမီ သောင်းနှင့်ချီသော ကျွန်းသို့လာရောက်ကြသော ရုရှားခရီးသွားများနှင့်အတူ ရေပန်းစားသော အားလပ်ရက်နေရာတစ်ခုဖြစ်ပြီး သူသည် ယမန်နှစ်က နယ်စပ်များ တစ်စိတ်တစ်ပိုင်း ပြန်ဖွင့်သောအခါ ပထမဆုံးလာရောက်သူလည်းဖြစ်သည်။

စာရင်းအင်းဗျူရို၏အချက်အလက်များအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ရုရှားနိုင်ငံသား ၁၁၅၀ ခန့်သည် အင်ဒိုနီးရှားသို့ ၀င်ရောက်ခဲ့သည်။

ဒေသတွင်းကဖေးတစ်ခု၏မန်နေဂျာ ရစ်ဖ်ကီ ဆာဒီ ရန်တို (Rifki Saldi Yanto) က မကြာသေးမီရက်များအတွင်း ရုရှားဖောက်သည်များ ကျဆင်းလာသည်ကို သတိပြုမိခဲ့ပြီး အများအပြားသည် ယခုအခါ အကြွေးဝယ် ကတ်အစား ငွေသားဖြင့် ပေးချေခဲ့ကြောင်း ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် ရုရှားနိုင်ငံသား ၇၀၀၀ ကျော်သည် လေယာဉ်ပျံသန်းမှု ဖျက်သိမ်းခြင်း၊ အခမဲ့ဝန်ဆောင်မှုများ ခံစားခွင့် မရှိခြင်းနှင့် ငွေပေးချေမှု ပြဿနာများကြောင့် ထိုင်းနိုင်ငံတွင် သောင်တင်နေခဲ့သည်။

ရုရှားနိုင်ငံသည် ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုလဲချိန်မှစ၍ ကမ္ဘာ့ဘဏ္ဍာရေးစနစ်မှ ရုရှားကို သီးခြားခွဲထုတ်ရန် အနောက်နိုင်ငံများမှ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့ခဲ့ပြီးနောက် ရုရှားနိုင်ငံ၏ စီးပွားရေးသည် ဆိုးရွားစွာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

နိုင်ငံတကာငွေပေးချေမှုစနစ် SWIFT သည် ရုရှားဘဏ်အများအပြားကို ၎င်း၏ကွန်ရက်မှ ချိတ်ဆက်မှု ဖြတ်တောက်ခဲ့ပြီး Visa နှင့် Mastercard တို့က မတ်လ ၉ ရက်မှစတင်ကာ ရုရှားဘဏ်များမှ ထုတ်ပေးသော ၎င်းတို့၏ ကတ်များကို နိုင်ငံရပ်ခြားတွင် အသုံးပြုခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

ဘာသာပြန် အာသစ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.