မော်လမြိုင် ၊ မတ် (၁၁)

တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင် ကိုယ်ဝန်သည် အမျိုးသမီးတွေအတွက် ကျန်းမာရေး အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေပေးတဲ့ ဒေါန တနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ပြောပါတယ်။

စစ်ရှောင် ကိုယ်ဝန်သည် အမျိုးသမီးတွေဟာ လအလိုက်ထိုးရမယ့် ကာကွယ်ဆေးတွေ မထိုးရတာနဲ့ အားဖြည့်ဆေးတွေ ဝယ်ယူသုံးစွဲဖို့ အခက်အခဲရှိတာတွေကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် စိုးရိမ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ရှောင် ကိုယ်ဝန်သည် အမျိုးသမီးတွေဟာ အစားအသောက်တွေကို ပြည့်ပြည့်ဝဝ မစားသောက်ရတဲ့အတွက်ကြောင့် အင်အားချိနဲ့မှုတွေကို ရင်ဆိုင်နေရပါတယ်။

လက်ရှိမှာတော့ စစ်ရှောင် အမျိုးသမီးတွေ အပါအဝင် ကလေးသူတွေဟာ ကိုဗစ်ရောဂါ၊ ဌက်ဖျားရောဂါနဲ့ ရာသီတုပ်ကွေးရောဂါတွေကိုပါ ကူးစက်ခံစားနေရတာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ဘေးရှောင် အမျိုးသမီးနဲ့ကလေးသူငယ်တွေရဲ့ လိုအပ်ချက်တွေကို ပြည်သူတွေအနေနဲ့ တက်နိုင်သလောက် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြဖို့ စစ်ရှောင်အရေးကူညီနေပေးတဲ့ ဒေါန တနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက တိုက်တွန်းလိုက်ပါတယ်။

တနင်္သာရီတိုင်းမှာတော့ သရက်ချောင်း၊ ထားဝယ်အပါအဝင် မြို့နယ် ၄ မြို့နယ်က စစ်ရှောင်ပြည်သူ ၃၀၀၀ ကျော်ဟာ တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိုင်သေးသလို နီးစပ်တောတောင်တွေထဲမှာ ဆက်လက် တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

အဲဒီ စစ်ရှောင်ပြည်သူတွေထဲမှာတော့ ကိုယ်ဝန်သည် အမျိုးသမီး ၄၀ ကျော်နဲ့ ကလေးသူငယ် ၆၀၀ နီးပါး ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.