လန်ဒန်၊ မတ် ၉

ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားနှင့် ဘီလာရုစ်တို့အပေါ် အားကစားဆိုင်ရာ ပိတ်ဆို့မှုများ ထပ်မံချမှတ်ရန် နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ဝန်ကြီးများက အင်္ဂါနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

ဗြိတိန်အစိုးရမှ စီစဉ်သည့် အဆိုပါထုတ်ပြန်ချက်သည် ယဉ်ကျေးမှုအတွင်းဝန် Nadine Dorries နှင့် အားကစား ဝန်ကြီး Nigel Huddleston တို့က မတ် ၃ ရက်က ကျင်းပသည့် ထိပ်သီးအစည်းအဝေးအပြီးတွင် ပြောကြား ခဲ့သည်။

ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ သြစတြေးလျ၊ ကနေဒါနှင့် အမေရိကန်တို့သည် အခြားသော လက်မှတ်ရေးထိုးသည့် နိုင်ငံတွေဖြစ်ကြသည်။

“လူ့အခွင့်အရေး လေးစားမှုနှင့် နိုင်ငံများကြား ငြိမ်းချမ်းသော ဆက်ဆံရေးသည် နိုင်ငံတကာ အားကစား၏ အခြေခံအုတ်မြစ်ဖြစ်သည်။” ရုရှားနှင့် ဘီလာရုစ်တို့အား “နိုင်ငံတကာ အားကစားပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်၊ ဆုချီးမြှင့်ခြင်း” မပြုရန်လည်း ကြေညာချက်တွင် တောင်းဆိုထားသည်။

ရုရှားနှင့် ဘီလာရုစ် အုပ်ချုပ်ရေးမှူးများမှ ရွေးချယ်ထားသော အားကစားသမားတစ်ဦးချင်းအား တားမြစ်ပိတ် ပင်မှုများအပြင် အဓိကဘောလုံးကလပ်များကဲ့သို့သော ပြည်နယ်များကို “ထိထိရောက်ရောက်ကိုယ်စားပြု”သော အသင်းများ သို့မဟုတ် မြို့ကြီးများမှလည်း တားမြစ်ပိတ်ပင်မှုများအား ပိုတိုးသင့်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ရုရှားနှင့် ဘီလာရုစ် အားကစားသမားများအား ပေကျင်းတွင် ဆောင်းရာသီ မသန်စွမ်း အားကစားပြိုင်ပွဲမှ တားမြစ်ပိတ်ပင်ရန် နိုင်ငံတကာ မသန်စွမ်းကော်မတီ၏ မကြာသေးမီက ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး “အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ အခြေခံမူများအောက်တွင် ပူးပေါင်းဆောင်ရွက်မှုများ ထပ်မံ ဖြစ်မလာမချင်း ဤကန့်သတ်ချက်များ ဆက်လက်ထားရှိသင့်သည်” ဟု ဖော်ပြထားသည်။

ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ FIFA နှင့် UEFA ပြိုင်ပွဲအားလုံးမှ ရုရှားလက်ရွေးစင် အသင်းများနှင့် ကလပ်အသင်းများကို ဆိုင်းငံ့ထားခြင်းနှင့် ပတ်သက်ပြီး ရုရှားဘောလုံးအဖွဲ့ချုပ်က အယူခံ ဝင်ခဲ့ကြောင်း အားကစားထိပ်တန်းတရားရုံးက အင်္ဂါနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာနှင့် ဥရောပသမဂ္ဂ ယူအီးအက်ဖ်အေတို့ အသီးသီးပါဝင်သည့် သီးခြား ခုံသမာဓိ လုပ်ထုံးလုပ်နည်း နှစ်ခုကို စတင်လုပ်ဆောင်ခဲ့ကြောင်း CAS မှ ပြောကြားခဲ့ပြီး ရုရှားနှင့် ကစားရန် ငြင်းဆို ထားသည့် နိုင်ငံပေါင်း ၁၅ အဖွဲ့ချုပ်တို့လည်း ပါဝင်ခဲ့သည်။

ရုရှားနိုင်ငံသားများ စိန်ခေါ်နေသော ဆုံးဖြတ်ချက်တစ်ခုစီကို စီရင်ဆုံးဖြတ်ပြီးသည်နှင့် လာမည့်ရက်အနည်းငယ် အတွင်း တရားစွဲခြင်းဆိုင်ရာ အချက်အလက်များကို တရားရုံးက ထပ်မံပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားကျူးကျော်မှုအပြီး ယခုလတွင် စကော့တလန်နှင့် ကစားမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရွှေ့ဆိုင်းရန် ယူကရိန်း၏ တောင်းဆိုချက်ကို “စည်းလုံးညီညွတ်မှု” ဖြင့် ဖီဖာက အင်္ဂါနေ့နှောင်းပိုင်းတွင် သဘော တူညီခဲ့ကြောင်း ဖီဖာက ပြောကြားခဲ့သည်။

ယူကရိန်းအသင်းသည် မတ် ၂၄ ရက်တွင် ဂလက်စကိုမြို့ Hampden Park ၌ စကော့တလန်အသင်းနှင့် ရင်ဆိုင် ရမည့် ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဇွန်လတွင် ကျင်းပမည်ဖြစ်သည်။

ဘာသာပြန် – အာသစ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.