ဘန်ကောက်၊ မတ် ၉

ယူကရိန်းကို ကျူး‌ကျော်ဝင်ရောက်မှုကြောင့် အနောက်ကမ္ဘာမှ ရုရှားကို အကျပ်အတည်းဖြစ်စေရန် ပိတ်ဆို့ အရေးယူမှုများကြောင့် ရုရှားမှ လေကြောင်းခရီးများနှင့် ဘဏ္ဍာရေးကိစ္စများရုန်းကန်နေရချိန် ထောင်နှင့်ချီသော ရုရှားခရီးသွားဧည့်သည်များ ထိုင်းနိုင်ငံအတွင်း သောင်တင်နေသည် ဟု ထိုင်းအာဏာ ပိုင်များမှ မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ 

လေကြောင်းခရီးစဥ်ပယ်ပျက်ခြင်းများနှင့် ကမ္ဘာလုံးဆိုင်ရာလွှဲပြောင်းရေးစနစ်မှ ရုရှားဘဏ်များကို ဖြတ်တောက်ထားခြင်းကြောင့် ဖြစ်ပေါ်ရသော ပေးချေမှုပြဿနာများကြောင့် ရုရှားနိုင်ငံသား ၇,၀၀၀ ကျော်သည် ဖူးခက်၊ ကော့စမွေ၊ ပတ္တရားနှင့် ကရာဘီ စသောနေရာများတွင် သောင်မတင် ရေမကျ အနေ အထား ဖြစ်နေသည်ဟု ထိုင်းနိုင်ငံခရီးသွားလုပ်ငန်း အာဏာပိုင် အကြီးအကဲက ပြောကြားခဲ့သည်။ 

မစ္စတာ ယူထာဆက် ဆူပါဆွန်က “ ကျွန်ုပ်တို့ အိမ်ရှင်ကောင်းဖြစ်ဖို့လိုပြီး လူတိုင်းကို ဂရုစိုက်ဖို့ လိုပါတယ်။ ရုရှားခရီးသွားတွေက သူတို့ရဲ့ ခရီးစဥ်‌အတိုင်း ရှိနေကြတုန်းပါပဲ” ဟု ရိုက်တာသတင်းဌာန သို့ ပြောကြားခဲ့သည်။ 

ယင်းနိုင်ငံသားများအတွက် တစုံတရာမှတ်ချက် ရယူနိုင်ရန် ဘန်ကောက်အခြေစိုက်ရုရှားသံရုံးသို့ ဆက်သွယ်ရာတွင် တုံ့ပြန်ဖြေကြားခဲ့ခြင်းမရှိပေ။ 

၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံသည် ရုရှားခရီးသွားဦးရေ ၁.၄ မီလီယမ်အထိ လက်ခံရရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီလအတွင်း ရုရှားခရီးသွားဦးရေ ၂၃၀၀၀ ကို လက်ခံရရှိထားပြီး ပုံမှန် ဆိုက်ရောက် ခရီးသည် များ၏ ငါးပုံပုံ တစ်ပုံခန့်သာ ရှိသည်။ ထိုလူဦးရေထက်ဝက်ခန့်သည် ဖူးခက်တွင် သောင်တင်နေခဲ့သည်။ 

ဖူးခက်ခရီးသွားကဏ္ဍအသင်းချုပ် ဥက္ကဌ က “သူတို့တွေ ဆက်ပြီး နေထိုင်နိုင်ရေးနှင့် ဈေးနှုန်းများ လျှော့ချပေးနိုင်ရေးအတွက် ဟိုတယ်များကို ပြောဆိုထားပါပြီ” ဟု ပြောကြားခဲ့သည်။ 

ရုရှားဘဏ်များကို အမေရိကန်ပေးချေမှုကုမ္ပဏီဖြစ်သည့် ဗီဇာနှင့် မာစတာကဒ်တွင် အသုံးပြုခွင့် ရပ်ဆိုင်းလိုက်သည့်အတွက်ကြောင့် တရုတ်၏ ယူနီယမ်ပေး စနစ်ကို အသုံးပြုနေကြပြီးဖြစ်သည်။ 

အဆိုပါ ဖူးခက်ခရီးသွားအသင်းဥက္ကဌ၏ ပြောကြားချက်အရ လေဆိပ်များ ပိတ်သိမ်းမှုကြောင့် ယူကရိန်းနိုင်ငံသားများလည်း ရာနှင့်ချီ ‌သောင်တင်နေခဲ့ကြောင်း ပြောကြားခဲ့သည်။ 

ရုရှားများ မော်စကိုပြန်နိုင်ရေးအတွက် အရှေ့အလယ်ပိုင်းလေကြောင်းလိုင်းများနှင့် ဆက်သွယ်ဆောင် ရွက်ပြီး ပြည်တော်ပြန် လေကြောင်းခရီးစဥ်များကိုလည်း ကြိုးပမ်းစီစဥ်ပေးခဲ့ကြောင်း ထိုပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ 

ဖူးခက်ရှိ ဟော်တယ်များ၊ လေကြောင်းခရီးစဥ်များနှင့် အခြားသောစီးပွားရေးလုပ်ငန်းများအတွက် ပေး ချေမှုများကို ခရစ်ပ်တို ငွေကြေးကို အသုံးပြုခွင့်ပေးဖို့ အဆိုပြုချက်တစ်ခုကို စဥ်းစားနေခဲ့ကြောင်း ၎င်း က ဖြည့်စွက်ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.