ဘန်ကောက်၊ မတ် ၉

ကိုဗစ်ကြောင့် ၂ နှစ်ကျော်ကြာ မကျင်းပဖြစ်တဲ့ ဆွန်ကရန်အခမ်းအနားများကို လာမည့်လတွင် ပြန်လည်ကျင်း ပမည်ဟု ထိုင်းအစိုးရအဖွဲ့ကပြောကြားခဲ့ပြီး ကျန်းမာရေးနှင့် လုံခြုံရေးအစီအမံများကို လိုက်နာရန် လိုအပ် ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ 

အစိုးရအဖွဲ့ ပြော‌ရေးဆိုခွင့်ရှိသူ ထနာကွန် ဝန်ဘွန်ကွန်ချနာ၏ အင်္ဂါနေ့ပြောကြားချက်တွင် ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာသည် ပွဲတော်အစီအစဉ်နှင့် ခရိုင်ဖြတ်ကျော်သွားလာခွင့်များကို ဆွန်ကရန်ပွဲတော်ချိန် ဖြစ်သည့် ဧပြီ ၁၃ ရက် မှ ၁၅ ရက်အတွင်း ခွင့်ပြုပေးသွားမည်ဟု အာမခံထားကြောင်း ပါရှိသည်။ 

ထိုကျင်းပမှုများတွင် ပြည်သူလူထုများအနေဖြင့် Vaccine (ကာကွယ်ဆေး)၊ Universal Prevention (ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ခြင်း)၊ Covid free-setting (ကိုဗစ်ကင်းမဲ့ဝန်းကျင်)၊ နှင့် ATK testing – measures (ကိုဗစ်အမြန်စနစ်စစ်‌ဆေးခြင်း၊ တိုင်းတာခြင်း) များပါဝင်သော “Vuca” စနစ်ကို တင်းကျပ်စွာ လိုက်နာရမည်ဟု မစ္စတာ ထနာကွန်က ပြောကြားခဲ့သည်။ 

ထိုင်းနိုင်ငံ ကိုဗစ်အခြေအနေစီမံခန့်ခွဲမှုဗဟိုစင်တာ CCSA က ဆွန်ကရန်အားလပ်ရက်များအတွက် ပြည်သူ့ ကျန်းမာရေး လုံခြုံရေးအစီအစဉ်များကို ဆွေး‌နွေးနိုင်ရန် မတ်လ ၁၈ ရက်နေ့တွင် အစည်းအဝေးတစ်ရပ် ကျင်းပသွားမည်။ 

ဗိုလ်ချုပ်ကြီး ပရရွတ်သည် လူတိုင်းရေပက်ကစားကြမည့် ပွဲတော်ကို ကျင်းပရန် စီစဥ်ရာ၌ အနည်းဆုံး ကိုဗစ်ဆေး တတိယအကြိမ်ထိုးနှံထားသင့်ကြောင်းနှင့် မိမိတို့ ခရီးမသွားခင်/ ပြန်ရောက်ချိန်များတွင် ATK စစ်ဆေးမှုများပြုလုပ်ကြဖို့ အကြံပြုထားပါသည်။ 

မစ္စတာ ထနာခွန် ၏ ပြောကြားချက်အရ ပွဲတော်ကျင်းပရန်ရှိသောကြောင့် ထိခိုက်လွယ်သော အုပ်စုများ ဖြစ် သည့် အသက် ၆၀ နှင့် အထက် လူပုဂ္ဂိုလ်များ၊ ရောဂါအခံရှိသော လူပုဂ္ဂိုလ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ကာကွယ်ဆေး အပြည့်အဝထိုးနှံထားကြဖို့ တောင်းဆိုလိုက်ပါသည်။ 

ဗိုလ်ချုပ်ကြီး ပရရွတ်အနေဖြင့် အချို့သော အခြေအနေများဖြစ်သည့် မိသားစုများ ပြန်လည်ဆုံဆည်း ခြင်းများ၊ ရေကစားခြင်းနှင့် ဖျော်ဖြေရေးများတွင် ကိုဗစ် ၁၉ ကူးစက်မှု အန္တရာယ်မြင့်မားနိုင်ချေကို စိုးရိမ် ပူပန်ခဲ့သည်။ 

ရောဂါထိန်းချုပ်ရေး ဦးစီးဌာန အထွေထွေဒါရိုက်တာ ဒေါက်တာ ခူးမူကန်ကဝင်ဖွန်က  RT-PCR နှင့် ATK စစ်ဆေးထားချက်အရ မြင့်တက်လာသော ကိုဗစ် ၁၉ ကူးစက်မှုများမှာ လွန်ခဲ့သော ၂ ရက် ၃ ရက် အတွင်း ကျဆင်းခဲ့သည်။

သို့သော်လည်း ထိုင်းနိုင်ငံအပါအဝင် နိုင်ငံအ‌တော်များများရှိ ကူးစက်မှုများသည် ယင်းတို့ လူဦးရေ၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိတော့ မရောက်ရှိသေးဟု ဒေါက်တာ ခူးမူက ဖြည့်စွက်ပြောကြားခဲ့သည်။  

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.