မော်လမြိုင် ၊ မတ် (၁၀)

ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းနဲ့ အင်္ဂဘိုကျေးရွာကြားမှာ မတ်လ ၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတွေက ပြောပါတယ်။

ရန်ကုန်-မော်လမြိုင်ကားလမ်း နံဘေးမှာ စစ်ကြောင်းလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ကို KNLA တပ်မဟာ(၁)နဲ့PDF ပူးပေါင်းအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့သလို KNLA ဘက်ကလည်း ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

တိုက်ပွဲအတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်းအသုံးပြုသွားလာနေတဲ့ ခရီးသွားကားတွေ ခေတ္တရပ်နားခဲ့ရပြီး ကားလမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သလို ခရီးသွား ဟိုက်ဂျက်ကား တစ်စီးလည်း ကျည်ဆံထိမှန်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.