March 10, 2022

မှတ်ပုံတင်မပါတဲ့ ခရီးသွားကို စစ်ကောင်စီတပ်ဖွဲ့တွေက ခရီးသွားခွင့် မပေးဘဲ ပြန်လွှတ်နေ

ထားဝယ်၊ မတ် ၁၀ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က တံတားဂိတ်တချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခရီးသွားတွေကို မှတ်ပုံတင် စစ်ဆေးနေပြီး မှတ်ပုံတင်မပါရင် ခရီးသွား ခွင့်မပေးဘဲ ပြန်လွှတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မတ်လ ပထမအပတ်ကစပြီး ခရီးသွားပြည်သူတွေကို မှတ်ပုံတင် စစ်ဆေးတာတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ခရီးသွားတွေကို မှတ်ပုံတင် စစ်ဆေးနေတဲ့အတွက်ကြောင့် အခက်အခဲတွေ ဖြစ်နေကြပြီး၊…

ကျိုက်ထိုမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်

မော်လမြိုင် ၊ မတ် (၁၀) ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းနဲ့ အင်္ဂဘိုကျေးရွာကြားမှာ မတ်လ ၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတွေက ပြောပါတယ်။ ရန်ကုန်-မော်လမြိုင်ကားလမ်း နံဘေးမှာ စစ်ကြောင်းလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ကို KNLA တပ်မဟာ(၁)နဲ့PDF ပူးပေါင်းအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က…

လျှပ်စစ်မီးပြဿနာကြောင့် စည်ပင်က သုံးရက်တစ်ကြိမ်သာ ရေဖြန့်ဝေလို့ မော်လမြိုင်ပြည်သူတွေ ရေရဖို့ အခက်တွေ့

မော်လမြိုင် ၊ မတ် (၁၀) မော်လမြိုင်မြို့ပေါ် ရပ်ကွက် အများစုဟာ စည်ပင်သာယာရေးအဖွဲ့က ဖြန့်ဝေပေးနေတဲ့ ရေကို အဓိက အသုံးပြုနေတာ ဖြစ်ပြီး လက်ရှိမှာတော့ လျှပ်စစ်မီးမမှန်တာကြောင့် ရေရရှိဖို့ အခက်အခဲကို အကြီးအကျယ် ရင်ဆိုင်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာယာရေးအဖွဲ့က လျှပ်စစ်မီး မမှန်လို့ ရေကို ၃ ရက်တစ်ကြိမ်သာ အလှည့်ကျ ပေးနေတာကြောင့်…

ထောင်နဲ့ချီတဲ့ ရရှားခရီးသွားတွေ ထိုင်းမှာ သောင်တင်နေ

ဘန်ကောက်၊ မတ် ၉ ယူကရိန်းကို ကျူး‌ကျော်ဝင်ရောက်မှုကြောင့် အနောက်ကမ္ဘာမှ ရုရှားကို အကျပ်အတည်းဖြစ်စေရန် ပိတ်ဆို့ အရေးယူမှုများကြောင့် ရုရှားမှ လေကြောင်းခရီးများနှင့် ဘဏ္ဍာရေးကိစ္စများရုန်းကန်နေရချိန် ထောင်နှင့်ချီသော ရုရှားခရီးသွားဧည့်သည်များ ထိုင်းနိုင်ငံအတွင်း သောင်တင်နေသည် ဟု ထိုင်းအာဏာ ပိုင်များမှ မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ လေကြောင်းခရီးစဥ်ပယ်ပျက်ခြင်းများနှင့် ကမ္ဘာလုံးဆိုင်ရာလွှဲပြောင်းရေးစနစ်မှ ရုရှားဘဏ်များကို ဖြတ်တောက်ထားခြင်းကြောင့် ဖြစ်ပေါ်ရသော ပေးချေမှုပြဿနာများကြောင့်…

ထိုင်းအစိုးရက ယခုနှစ် ဆွန်ကရန်အခမ်းအနားကို ကျင်းပမည်

ဘန်ကောက်၊ မတ် ၉ ကိုဗစ်ကြောင့် ၂ နှစ်ကျော်ကြာ မကျင်းပဖြစ်တဲ့ ဆွန်ကရန်အခမ်းအနားများကို လာမည့်လတွင် ပြန်လည်ကျင်း ပမည်ဟု ထိုင်းအစိုးရအဖွဲ့ကပြောကြားခဲ့ပြီး ကျန်းမာရေးနှင့် လုံခြုံရေးအစီအမံများကို လိုက်နာရန် လိုအပ် ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ အစိုးရအဖွဲ့ ပြော‌ရေးဆိုခွင့်ရှိသူ ထနာကွန် ဝန်ဘွန်ကွန်ချနာ၏ အင်္ဂါနေ့ပြောကြားချက်တွင် ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာသည် ပွဲတော်အစီအစဉ်နှင့် ခရိုင်ဖြတ်ကျော်သွားလာခွင့်များကို ဆွန်ကရန်ပွဲတော်ချိန် ဖြစ်သည့် ဧပြီ…

ရုရှားအားကစားဆိုင်ရာလုပ်ငန်းများကို အရေးယူပိတ်ဆို့ရန် နိုင်ငံ ၃၇ ခု လက်မှတ်ရေးထိုး

လန်ဒန်၊ မတ် ၉ ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားနှင့် ဘီလာရုစ်တို့အပေါ် အားကစားဆိုင်ရာ ပိတ်ဆို့မှုများ ထပ်မံချမှတ်ရန် နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ဝန်ကြီးများက အင်္ဂါနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ဗြိတိန်အစိုးရမှ စီစဉ်သည့် အဆိုပါထုတ်ပြန်ချက်သည် ယဉ်ကျေးမှုအတွင်းဝန် Nadine Dorries နှင့် အားကစား ဝန်ကြီး Nigel Huddleston တို့က မတ် ၃…