ဘော်စတွန်၊ မတ် ၈

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသော အမြင့်ဆုံးဦးစားပေးရောဂါ ၁၅ မျိုးကို ဦးတည်ကာကွယ် နိုင်သော ကာကွယ်ဆေးများကို ထုတ်လုပ်သွားမည်ဖြစ်ပြီး ဝင်ငွေနည်းပါးသော နိုင်ငံများအတွက်ပါ လက်လှမ်းမီးနိုင်ရေးအတွက် ချဲ့ထွင်ဆောင်ရွက်မည်ဟု မိုဒါနာကုမ္ပဏီက ကတိပြုကြောင်း တနင်္လာနေ့ က ထုတ်ပြန်ခဲ့ပါသည်။  

မိုဒါနာ စီအီးအို စတီဖင်ဘန်ဆယ် က “ကျွန်ုပ်တို့က ဘာကိုအတော်များများ စဥ်းစားဖြစ်နေတာလဲ ဆိုတော့ ကမ္ဘာကြီးကို နောက်ထပ် ပျံ့နှံ့ကူးစက်မှုနှင့် ကပ်ဘေးကို ကောင်းမွန်စွာ ရင်ဆိုင်နိုင်ဖို့ ဘယ်လို အဆင်သင့်ဖြစ်စေမလဲဆိုတဲ့ အကြောင်းပါပဲ” ဟု ပြောကြားခဲ့သည်။ 

ထိုကြေငြာချက်သည် ‌ဘော်စတွန်အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီတစ်ခုမှ ကန်ညာရှိ mRNA ထုတ် လုပ်ရေး အဆောက်အအုံကို ဖွင့်လှစ်ရန် စီစဥ်နေကြောင်း ကြောငြာပြီး နာရီအနည်းငယ်အတွင်း ထို ထုတ်ပြန်ချက် ထွက်‌ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ မီလီယမ် ရင်းနှီးမြှုပ်နှံထားပြီး တစ်နှစ်လျှင် ကာကွယ်ဆေးအလုံးရေ ၅၀၀ မီလီယမ်ခန့် ထုတ်လုပ်ဖို့ ရည်မှန်းထားသည်။ မိုဒါနာ သည် အာဖရိက အခြေစိုက် ကာကွယ်ဆေးစက်ရုံမှ ပြုလုပ်ထုတ်ခြင်းကို ၂၀၂၃ ခုနှစ်အစောပိုင်းတွင် အပြီးသတ်နိုင်ရေး အတွက် ဆောင်ရွက်နေသည်။ 

အမြင့်ဆုံးဦးစားပေး ရောဂါ ၁၅ မျိုး ဦးတည်ချက်အရ အီဘိုလာ၊ အိတ်ချ်အိုင်ဗီ၊ ဇီကာနှင့် နီဖန်များ အတွက်ထုတ်လုပ်ခြင်းများ ဆောင်ရွက်ထားပြီဖြစ်သည်။

ကိုဗစ် ၁၉ သည် စာရင်းတွင်ပါဝင်လာသော နောက်ထပ်တစ်ခုဖြစ်ပြီး မိုဒါနားအနေဖြင့် လက်ရှိ ကာကွယ် ဆေးအတွက်ရော ကိုဗစ်/တုပ်ကွေးရောဂါ အတွက် ကာကွယ်ဆေးအတွက်ပါ အိုမီခရွန်ကို ဦးတည် အထူးပြုသည့် အားဖြည့် ကာကွယ်ဆေး တစ်ရပ်အတွက် လတ်တလောတွင် လုပ်ဆောင်နေပြီ ဖြစ်သည်။ 

ကာကွယ်ဆေးများထုတ်လုပ်ခြင်းအပြင် မိုဒါနာသည် mRNA အခွင့်အလမ်းဟု ခေါ်သော အစီအစဥ် တစ်ရပ်ကို အစိုးရနှင့် သုတေသနပညာရှင်များနှင့်အတူ  စတင်ဆောင်ရွက်ထားပြီးဖြစ်သည်။

ထိုအစီအစဥ်တွင် ပါဝင်သော သုတေသနပညာရှင်များသည် မိုဒါနာ ကာကွယ်ဆေး စံနမူနာတစ်ခုကို တီထွင်နိုင်မည်ဖြစ်ပြီး ‌ဆေးပညာရှေးဦး သုတေသနအတွက် ကာကွယ်ဆေး စံနမူနာများပြုလုပ်ဖို့ ထုတ်လုပ်ရေးစက်ရုံကို အသုံးပြုနိုင်မည်ဖြစ်သည်။ 

ထို့အပြင် တည်ရှိဆဲ ကာကွယ်‌‌ဆေးများကို ထုတ်လုပ်နေသည့်အပြင် လက်ရှိတွင် Disease X ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ခေါ်ဆိုထားသော အရာအတွက် ကာကွယ်ဆေး စံနမူနာတစ်ရပ် ထုတ်လုပ်ရေးကို လုပ်ကိုင်နေသည်။ ဤအရာသည် mRNA အခွင့်အလမ်းအစီအစဥ်ကို တိုးတက် ဆောင်ရွက်နိုင်ရေး အတွက် ကုမ္ပဏီအရှိန်အဟုန်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ 

ဘန်ဆဲက ပြောကြားရာတွင် “ကျွန်ုပ်တို့အနေနဲ့ ကာကွယ်ဆေးများကို တိုးတက်ထုတ်လုပ်ဖို့ဆိုသည်မှာ ဗိုင်းရပ်စ်တွေအကြောင်းကောင်းစွာ နားလည်တဲ့ ကမ္ဘာကြီးနဲ့အတူ အကောင်းဆုံးစိတ်ထားတွေနဲ့ အလုပ် လုပ်ကြဖို့ လိုပါတယ်။ ဘုရားသခင်က တားမြစ်ထားရင်တောင် ကူးစက်မှု ဒါမှမဟုတ် ကပ်ဘေးက ပြန်စလာနိုင်တာမို့ ကျွန်ုပ်တို့အနေနဲ့ အရင်တုန်းကထက် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်သွားနိုင်မှာပါ” ဟု ပါရှိသည်။ 

ဘာသာပြန် – အောင်မျိုးမြတ်  

Ref: Forbes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.