ဆိုးလ်၊ မတ် ၈
ကိုရီးယားနှစ်ခုအကြားရှိ ရေကြောင်းနယ်စပ်ကို ဖြတ်သန်းလာသော မြောက်ကိုရီးယား ငါးဖမ်သင်္ဘောကို တောင်ကိုရီးယား စစ်တပ်မှ ဖမ်းဆီးခဲ့ပြီး ကြားဝင်ရန် ကြိုးစားခဲ့သော မြောက်ကိုရီးယား ကင်းလှည့် သင်္ဘော ကို နှင်ထုတ်သည့်အနေဖြင့် တောင်ကိုရီးယားဘက်မှ အသိပေးပစ်ခတ်မှု တစ်ကြိမ်ပြုလုပ်ခဲ့ပါသည်။
ကိုရီးယားနှစ်အခုအကြားရှိ နယ်စပ်အဖြစ်အပျက်များကို နှစ်နိုင်ငံစလုံးမှ စောင့်ကြည့်နေခဲ့ကြပြီး ၁၉၅၀ မှ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့သော နှစ်နိုင်ငံစစ်ပွဲသည် ငြိမ်းချမ်းရေးစာချုပ်မဟုတ်ပဲ စစ်ဆိုင်းရန် သဘော တူညီမှုဖြင့် အဆုံးသတ်ခဲ့သည်။
မြောက်ကိုရီးယားငါဖမ်းလှေသည် မနက် ၉ နာရီခွဲတွင် အနောက်ဘက် ကျွန်းဆွယ်မှ နယ်စပ်သို့ ဖြတ်သန်း ဝင်ရောက်လာခဲ့ပြီး ထို့နောက်တွင် ဖမ်းဆီးခံခဲ့ရကာ စုံစမ်းစစ်ဆေးရန်အတွက် ဖုမ်ယုမ်းတုံ ကျွန်းသို့ ဆွဲသွား ခဲ့သည်ဟု ပူးတွဲ စစ်ဦးစီးချုပ် ယွန်ဟပ်က ပြောကြားခဲ့သည်။
ငါးဖမ်းယာဥ်ကို ဖမ်းဆီးနိုင်ရန်အတွက် ကြိုးပမ်းနေချိန်အတွင်း တောင်ကိုရီးယားသည် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြောက်ကိုရီးယားကင်းလှည့်လှေကို အသိပေးပစ်ခတ်မှုတစ်ရပ် ပြုလုပ်ခဲ့သည်ဟု ၎င်း က ပြောကြားခဲ့သည်။
တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနသည် မှတ်ချက်ပေးနိုင်ရန်အတွက် တောင်းဆိုမှုကို ချက်ချင်း မတုံ့ပြန်ခဲ့ပါ။
ဘာသာပြန် – အောင်မျိုးမြတ်
Ref: Bankok Post