ဘေဂျင်း၊ မတ် ၉

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဘေဂျင်းသည် ယူကရိန်းကို ရုရှား ဝင်ရောက်ကျူးကျော်မှုနှင့် ပတ်သက်ပြီး ရှုတ်ချရန် ငြင်းဆိုခြင်းသည် ၎င်း၏နိုင်ငံတကာ ရပ်တည်မှုကို ကျဆင်းစေမည်လားဆိုသည့် မေးခွန်းများကို ရှောင်ဖယ်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မြှင့်တင်ရာတွင် ဖျန်ဖြေရေး ကြိုးပမ်းမှုများကို ကူညီလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းကလည်း ယူကရိန်းသို့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူ အညီများ အမြန်ဆုံး ပြုလုပ်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

“ရှုပ်ထွေးသောပြဿနာများကိုဖြေရှင်းရန် လိုအပ်သည့်အရာမှာ မီးထဲသို့လောင်စာထည့်မည့်အစား ငြိမ်းချမ်းမှုနှင့် ဆင်ခြင်တုံတရားဖြစ်သည်” ဟု မစ္စတာဝမ် က အမေရိကန်ကို စစ်ပွဲမီးတောက်ကို လှုံ့ဆော်ပေးသည့်အတွက် အပြစ်တင်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုကို ရည်ညွှန်းပြောကြားခဲ့သည်။

ယူကရိန်းအရေးခင်းတွင် ကြားနေသဘောထားရှိသည်ဟု ကြွေးကြော်ထားသော်လည်း ရုရှားဘက်မှ ရပ်တည်မှု အတွက် တရုတ်နိုင်ငံဟာ ဝေဖန်ခံနေရသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် လွန်ခဲ့သည့် နှစ်ပတ်နီးပါးက ယူကရိန်းသို့ တပ်ဖွဲ့ဝင်များကို အမိန့်ပေးခဲ့ ပြီးနောက် ဘေဂျင်းက အဆိုပါတိုက်ခိုက်မှုကို ရှုတ်ချရန် သို့မဟုတ် ကျူးကျော်မှုအဖြစ် ဖော်ပြရန် ငြင်းဆိုခဲ့သည်။

တရုတ်နိုင်ငံသည် မော်စကိုအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ရှုတ်ချခဲ့ပြီး ရုရှားကို ထောက်ခံ သည့် အကြောင်းကို နေတိုး၏ အရှေ့ဘက်ခြမ်းကို ခြေဆန့်လာမှုအပါအဝင် ရုရှား၏ “တရားဝင်လုံခြုံရေး စိုးရိမ် မှုများ” ကို အသိအမှတ်ပြုရန် အနောက်အင်အားကြီးများအား ထပ်ခါတလဲလဲ တိုက်တွန်းခဲ့သည်။

ရုရှားနှင့် ၎င်း၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု၊ နယ်မြေအချုပ်အခြာအာဏာကို စွက်ဖက်ခြင်း။ မပြုရန်နှင့် ၎င်း၏ ကာလကြာရှည်စွာ ဆုပ်ကိုင်ထားသည့် နယ်မြေအချုပ်အခြာအာဏာကို လေးစားမှု နှင့် အမေ ရိကန်၊ ဥရောပတို့နှင့် ဆက်ဆံရေးကို ဟန်ချက်ညီစေရန် ကြိုးပမ်းနေသောကြောင့် မစ္စတာပူတင်၏ စစ်ရေး ထိုးစစ်သည် တရုတ်နိုင်ငံအတွက် ခက်ခဲတဲ့ အဆင့်တစ်ခုသို့ ရောက်ရှိစေခဲ့သည်။

သို့သော် ဘေဂျင်း၏တရားဝင်ရပ်တည်ချက်သည်ကမ္ဘာ့ခေါင်းဆောင်များနှင့် လေ့လာစောင့်ကြည့်သူများကိုလည်း စိတ်ပျက်စေသည်။

ပြီးခဲ့သည့်သောကြာနေ့တွင် မစ္စတာဝမ်က ယူကရိန်းတွင် ငြိမ်းချမ်းစွာဖြေရှင်းရန်နှင့် ကြီးမားတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းကို ထိုနေရာတွင် တားဆီးရန် တိုက်တွန်းစဉ်တွင် တူညီသော လမ်းကြောင်းအတိုင်း ရပ်တည်ခဲ့သည်။

“တရုတ်နိုင်ငံက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ဖို့ ဆန္ဒရှိပြီး လိုအပ်သလို ဖျန်ဖြေပေးဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လည်း လက်တွဲဆောင်ရွက်ဖို့ ဆန္ဒရှိပါ တယ်” ဟု မစ္စတာဝမ် က ၎င်း၏ ကိုဗစ် ၁၉ ရောဂါသုံးသပ်မှု နှစ်ပတ်လည်တွေ့ဆုံပွဲအတွက် တတိယ အကြိမ်မြောက် စာနယ်ဇင်းရှင်းလင်းပွဲ ဗီဒီယိုလင့်ခ်မှတစ်ဆင့် နိုင်ငံခြားနှင့် ပြည်တွင်းမီဒီယာများကို ပြောကြားခဲ့ သည်။ 

“နိုင်ငံတကာအခြေအနေ ဘယ်လောက်အန္တရာယ်ရှိပါစေ တရုတ်နဲ့ ရုရှားတို့ဟာ သူတို့ရဲ့ မဟာဗျူဟာသန္နိဋ္ဌာန်ကို ထိန်းသိမ်းထားပြီး ခေတ်သစ်မှာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို စဉ်ဆက်မပြတ် တွန်းအားပေးသွားမှာပါ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ထိုင်ဝမ်နှင့် ယူကရိန်းတို့ကြား နှိုင်းယှဥ်မှုများကိုလည်း ၎င်းက ပယ်ချခဲ့ပြီး ထိုင်ဝမ်အပေါ် တရုတ်၏ ပိုင်နက် နယ်မြေ ဂုဏ်သိက္ခာကို ကျဆင်းစေပြီး ယူကရိန်း၏ အချုပ်အခြာအာဏာကို အလေးပေးသည့် “မတူညီတဲ့ စံ တန်ဖိုးနှစ်ခု” ဖြစ်သည်ဟုလည်း ပြောဆိုခဲ့သည်။

ဘာသာပြန် – အာသစ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.