ဆိုးလ်၊ မတ် ၇

မြောက်ကိုရီးယားက နောက်ဆုံးပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးတစ်ရပ်ကို ယခုသီတင်းပတ်အတွင်း ခေါ်ယူကျင်းပဖို့ စီစဉ်ထားတယ်လို့ တောင်ကိုရီးယား အစိုးရအရာရှိတစ်ဦးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

ယခုအကြိမ်အစည်းအဝေးမှာ တစ်ပတ်ခန့်အတွင်း ကောင်စီ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေး ဖြစ်လာမှာ ဖြစ်ပါတယ်။

“ကျွန်ုပ်တို့၏အစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် လုံခြုံရေးကောင်စီ၏ အဓိကအဖွဲ့ဝင်များနှင့် နီးကပ်စွာ ဆက်သွယ်လျက်ရှိတယ်” လို့ အဆိုပါအရာရှိက ပြောပါတယ်။

မြောက်ကိုရီးယားပစ်လွှတ်လိုက်တဲ့ ဒုံးကျည်မှာ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် (MRBM) ဖြစ်ပုံရပြီး ယခုနှစ် အတွင်း ၎င်း၏ ကိုးကြိမ်မြောက် အင်အားပြသမှုအဖြစ် စနေနေ့က အရှေ့ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုးရီးယား၏စစ်တပ်က ပြောပါတယ်။

နောက်တစ်နေ့တွင်၊ ပြုံယမ်း၏နိုင်ငံပိုင်မီဒီယာက နိုင်ငံ၏ကာကွယ်ရေးသိပ္ပံအာဏာပိုင်များသည် “ကင်းထောက် ဂြိုလ်တုတစ်ခုတီထွင်ရန်အစီအစဥ်အောက်တွင် နောက်ထပ်အရေးကြီးသော စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ကြောင်း” ဖော်ပြခဲ့ပါတယ်။ 

သတင်း – အာသစ်

Ref: Nation Thailand

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.