March 8, 2022

လျှပ်စစ်မီးကို အချိန်ပိုင်းသာ ဖြတ်တောက်မယ်လို့ စစ်ကောင်စီ ပြန်ကြေညာ

ရန်ကုန်၊ မတ် ၈ နိုင်ငံတဝန်းရဲ့ နေရာတချို့မှာ တစ်ပတ်တိတိ ၂၄ နာရီ လျှပ်စစ်မီးပြတ်တောက်မယ်လို့ ကြေညာပြီးနောက် အချိန်ပိုင်းသာ လျှပ်စစ်မီးဖြတ်တောက်တော့မယ်လို့ စစ်ကောင်စီ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၇ ရက်နေ့မှာ ထပ်မံကြေညာလိုက်တာပါ။ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနဟာ မနေ့တုန်းက နိုင်ငံတဝန်းရဲ့ နေရာတချို့မှာ လာမယ့် မတ် ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ…

မွန်ပြည်နယ်မှာ စားသုံးဆီ တစ်ပိဿာ ကျပ် ၈၀၀၀ ကျော်ထိ စံချိန်တင် ဈေးနှုန်း မြင့်တက်လာ

မော်လမြိုင် ၊ မတ် (၈) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း စာသုံးဆီ တစ်ပိဿာ ကျပ် ၈၀၀၀ ကျော်ထိ စံချိန်တင် ဈေးနှုန်း မြင့်တက်လာတယ်လို့ စားသုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ စားသုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာငွေတန်ဖိုး ကျဆင်းလာမှုနဲ့အတူ ကမ္ဘာ့စားသုံးဆီ ဈေးနှုန်း မြင့်တက်လာတဲ့အတွက်ကြောင့် စံချိန်တင် ဈေးနှုန်းသို့…

စစ်ကောင်စီ ထိုးစစ်ကြောင့် ဖာပွန်မှာ အရပ်သားပြည်သူ သေဆုံးမှု ပိုမိုမြင့်တက်လာ

မော်လမြိုင် ၊ မတ် (၈) ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့အတွက်ကြောင့် အရပ်သားပြည်သူ သေဆုံးမှု ပိုမိုမြင့်တက်လာတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်(KPSN)က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာ ဖာပွန်ခရိုင် ဘူးသိုမြို့နယ် မယ်ကလောကျေးရွာအုပ်စု ကလော်ဒေးကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ကလေးသုံးဦးနဲ့ ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ဒေသခံ ရွာသား…

မှတ်ပုံတင်နဲ့သာ ခရီးသွားလာခွင့်ပြုမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ညွှန်ကြားချက်ဟာ ပြည်သူတွေကို ဒုက္ခပေးဖို့သာ ဖြစ်တယ်လို့ ဝေဖန်

မော်လမြိုင် ၊ မတ် (၈) အာဏာသိမ်း စစ်ကောင်စီက မှတ်ပုံတင်နဲ့သာ ခရီးသွားလာခွင့်ပြုမယ်ဆိုတဲ့ ညွှန်ကြားချက်ဟာ ပြည်သူတွေကို ဒုက္ခပေးဖို့သာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေနဲ့ CDM ဝန်ထမ်းတွေက ဝေဖန်လိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ လဝကဝန်ကြီးဌာနက လာမယ့် ဧပြီ ၁ ရက်နေ့ကစပြီး မှတ်ပုံတင် အစား ‌ထောက်ခံစာတွေပြသပြီး ခရီးသွားလာတာနဲ့ အစစ်ဆေးခံတာတွေကို…

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အစည်းအဝေး ကျင်းပမည်

ဆိုးလ်၊ မတ် ၇ မြောက်ကိုရီးယားက နောက်ဆုံးပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးတစ်ရပ်ကို ယခုသီတင်းပတ်အတွင်း ခေါ်ယူကျင်းပဖို့ စီစဉ်ထားတယ်လို့ တောင်ကိုရီးယား အစိုးရအရာရှိတစ်ဦးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။ ယခုအကြိမ်အစည်းအဝေးမှာ တစ်ပတ်ခန့်အတွင်း ကောင်စီ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေး ဖြစ်လာမှာ ဖြစ်ပါတယ်။ “ကျွန်ုပ်တို့၏အစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် လုံခြုံရေးကောင်စီ၏ အဓိကအဖွဲ့ဝင်များနှင့်…

ဖိလစ်ပိုင်တွင် အသက် ၁၂ နှစ်မှ ၁၆ နှစ်ကြား လိင်သဘောတူခွင့်ပြုချက် ဥပဒေကြမ်းကို အတည်ပြု

မနီလာ၊ မတ် ၇ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးသည် အရွယ်မရောက်သေးသူများကို မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကာ အကွယ်ပေးရေး ကြိုးပမ်းမှုတွင် အနိမ့်ဆုံး လိင်ပိုင်းဆိုင်ရာ သဘောတူခွင့်ပြုသည့် အသက်အရွယ် သတ်မှတ်ချက်ကို ၁၂ နှစ်မှ ၁၆ နှစ်အထိ တိုးမြှင့်သည့် ဥပဒေကြမ်းကို တနင်္လာနေ့တွင် လက်မှတ်ရေးထိုးခဲ့ ကြောင်း ၎င်း၏ရုံးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ဖိလစ်ပိုင်သည်…