ဘေဂျင်း၊ မတ် ၇

တရုတ်နိုင်ငံသည် ၎င်း၏ တောင်ဘက်ခရိုင်ဒေသန္တရ ဟိုင်နန်နှင့် ဗီယက်နမ်အကြားရှိ ‌တောင်တရုတ် ပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုများကို တစ်ပတ်ထက် ပိုမိုကြာမြင့်သောအချိန်ထိ လေ့ကျင့်သွား မည်ဖြစ်ပြီး သင်္ဘောသွားလာခြင်းများကို ဝေးဝေးနေကြရန် သတိပေးထားပါသည်။ 

တရုတ်နိုင်ငံသည် အဓိက သင်္ဘောလမ်းကြောင်းများတည်ရှိသော အငြင်းပွားဖွယ်ရေလမ်းကြောင်း အစိတ်အပိုင်းတစ်ခုလုံးကို တောင်းဆိုထားပြီး ဒေသတွင်း ကျွန်းတုများနှင့် အချို့သော ကျောက်တန်း၊ ကျွန်းစုငယ်များအပေါ်တွင် လေယာဥ်ကွင်းများတည်ဆောက်ထားသဖြင့် ဒေသတွင်း သာမက အ‌မေရိ ကန် ပြည်ထောင်စုကပါ ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်လာခဲ့ကြသည်။ 

ဟိုင်နန်ရေကြောင်းလုံခြုံရေးစီမံခန့်ခွဲရေး၏ မတ်လ ၄ ရက်နေ့ ‌နှောင်းပိုင်းထုတ်ပြတ်ချက်အရ စမ်းသပ် မှုများကို ထိုနေ့၌ပင် စတင်မည်ဖြစ်ပြီး မတ်လ ၁၅ ရက်‌နေ့အထိ ကြာမြင့်မည်ဖြစ်သည်။ 

ထိုထုတ်ပြန်ချက်တွင် ဟိုင်နန်ဆန်ယာနှင့် ဗီယက်နမ်ရှိ ဟျူမြို့အကြားရှိ  စမ်းသပ်လေ့ကျင့်မည့် ရေပိုင်နက် ကိုဩဒိနိတ်များကိုလည်း ဖော်ပြထားပါသည်။ ဆန်ယာသည် တရုတ် အဓိကရေတပ်စခန်း ၏ ပင်မနေရာဖြစ်သည်။ 

ထိုထုတ်ပြန်ချက်ကို ရေကြောင်းလုံခြုံရေးစီမံခန့်ခွဲမှုဌာန၏ ဝက်ဘ်ဆိုဒ် စာမျက်နှာတွင် “ဝင်ရောက် ခြင်းမပြုရ” ဟု အင်္ဂလိပ်နှင့် တရုတ် နှစ်ဘာသာဖြင့် ဖော်ပြထားပါသည်။ 

ရေဧရိယာ၏ တစိတ်တပိုင်းသည် ဗီယက်နမ်၏ ရေမိုင် ၂၀၀ အတွင်းရှိ သီးသန့်စီးပွားရေးဇုံအတွင်း တည်ရှိပြီး ယင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို တရုတ်မှ ထိပါးနှောက်ယှက်မှုများပြုလုပ်ထားသည် ဟု ဝေဖန်ပြောကြားခဲ့သည်။ 

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရော ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနများကပါ တစုံတရာ ချက်ချင်း မတုံ့ပြန်ခဲ့ပါ။ 

၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံမှ ဗီယက်နမ်ရေပိုင်နက်အတွင်း လောင်စာရရှိရေး အကြံအဖန်လုပ်ရာမှ တဆင့် ဖြစ်ပေါ်လာခဲ့သော ဗီယက်နမ်နှင့် တရုတ် တင်းအားများသည် ရာစုနှစ်များအတွင်း အမြင့်ဆုံး ရောက်ရှိလာခဲ့သည်။ 

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုများကို ပုံမှန်အတိုင်း ဆောင်ရွက်နေ သည်။ 

ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဘရူနိုင်းတို့သည်လည်း တောင်တရုတ်ပင်လယ်ရှိ သက်ဆိုင်ရာ ရေနယ်များနှင့် ပတ်သက်ပြီး အပြိုင်အဆိုင်တောင်းဆိုထားကြပြန်သည်။

ဘာသာပြန် – အောင်မျိုးမြတ် 

Red: CAN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.