မော်လမြိုင် ၊ မတ် (၆)

ကုန်ကြမ်းအတိုင်း တင်ပို့ ရောင်းချနေတဲ့ နတ်မြှားပင်တွေဟာ ကိုဗစ်ကပ်ရောဂါကြောင့် ပြည်ပတင်ပို့ခွင့် ကန့်သတ်ခံရလို့ အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့ နတ်မြှားရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံ တောင်ပိုင်းရှိ တောတောင်တွေမှာ သဘာဝ အလျှောက်ပေါက်နေကြတဲ့ နတ်မြှားပင်တွေကို ခုတ်ယူပြီး နေပူခံ အခြောက်လှမ်းပြီးနောက် ယူအေအီ၊ ပါကစ္စတန်နဲ့ အိမ်နီးချင်းနိုင်ငံတချို့ကို နှစ်စဉ်တင်ပို့ရောင်းချခဲ့ရတာပါ။

အခုအခါမှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံခြား တင်ပို့ခွင့် ကန့်သတ်ခံရလို့ ဝယ်ယူ စုဆောင်းထားတဲ့ နတ်မြှားပင်တွေ ပျက်စီး ဆုံးရှုံးသွားမှာကို နတ်မြှားရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက စိုးရိမ်နေကြတာပါ။

နတ်မြှားပင်တွေကိုတော့ ကားကူရှင်နဲ့ ဆိုင်ကယ်ကူရှင်တွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်း တစ်ခု ဖြစ်ပါတယ်။

နတ်မြှားအခြောက်တစ်ပင်ကို ပြည်တွင်း ၃ ကျပ်ကနေ ၆ ကျပ်ထိ ပေါက်ဈေးရှိပြီး၊ နိုင်ငံခြားတင်ပို့နိုင်ရင် တစ်ပင်ကို ၁၂ ကျပ်ထိ ဈေးရတယ်လို့ ဆိုပါတယ်။

နတ်မြှားပင်တွေကိုတော့ ပြည်တွင်းမှာ အိမ်သုံးတံမြက်စည်းတွေ ပြုလုပ်ပြီး ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.