ဆိုလ်း၊ မတ် ၅

မြောက်ကိုရီးယားမှ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်သို့ မတ်လ ၅ ရက်နေ့တွင် သံသယဖြစ်ဖွယ် ပဲ့ထိန်း ဒုံးကျည်ပစ်လွှတ်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီး တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမတိုင်မီတွင် ထင်ရှား သောစမ်းသပ်မှုတစ်ရပ်ဖြစ်ခဲ့သည်ဟု အဆိုပါဒေသရှိ စစ်ဘက်‌ရေးရာအဖွဲ့အစည်းများက ပြောကြားခဲ့ သည်။ 

တောင်ကိုရီးယားပူးတွဲ စစ်ဦးစီးချုပ်များနှင့် ဂျပန်ဝန်ကြီးချုပ်ရုံးတို့သည် အဆိုပါပစ်လွှတ်မှုမှာ ပဲ့ထိန်း ဒုံးကျည်တစ်လုံးပါဝင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ 

အဆိုပါပစ်လွှတ်မှုသည် ယခုနှစ်အတွင်း ကိုးကြိမ်မြောက်ပစ်လွှတ်မှုဖြစ်ပြီး နောက်ဆုံးအကြိမ် ပစ်လွှတ် မှုသည် ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဖြစ်ပြီး ကင်းထောက်ဂြိုဟ်တု စနစ်အတွက် စမ်းသပ်ခြင်း ဖြစ်သည်။ 

တောင်ကိုရီးယားစစ်ဘက်ရေးရာက စနေနေ့ပစ်လွှတ်မှုသည် ပြုံးယမ်းနိုင်ငံတကာလေဆိပ်တည်ရှိ သော ဆူနန်အနီးရှိ နေရာတစ်ခုမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထိုနေရာသည် ဖေဖော်ဝါရီ ၂၇ ရက်နေ့ ပစ်လွှတ်မှုအပါအဝင် မကြာသေးမီကာလအတွင်း ပစ်ခတ်မှုများ၏ တည်နေရာ ဖြစ်နိုင်သည်။ 

မြောက်ကိုရီးယားမှ ပစ်လွှတ်သော ပဲ့ထိန်းဒုံးသည် အမြင့်ပေ ၅၅၀ ကီလိုမီတာသို့ရောက်ရှိခဲ့ပြီး အကွာအဝေး ၃၀၀ ကီလိုမီတာအထိ ပျံသန်းရောက်ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ 

သမ္မတ အိမ်ပြာတော်၏ ပြောကြားချက်အရ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးကောင်စီအနေဖြင့် အစည်းအဝေးတစ်ရပ်ကို ခေါ်ယူသွားမည်ဖြစ်သည်။

မြောက်ကိုရီးယားပဲ့ထိန်းဒုံးပစ်ခတ်မှုများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ပိတ်ပင်ထားခဲ့ပြီး နိုင်ငံ၏ လက်နက်အစီအစဥ်များအပေါ်လည်း ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ 

အမေရိကန်ပြည်ထောင်စုသည် ကြိုတင်သတ်မှတ်ချက်များမရှိဘဲ တွေ့ဆုံဆွေးနွေးရန် ဖွင့်လှစ်ထားပြီး ပြုံယမ်းဘက်က အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်များမှ ရန်လိုသော မူဝါဒများကို လွှတ်ချနိုင်မှ သာ စကားပြောဖို့ ဖြစ်နိုင်မည်ဟု ပြောကြားခဲ့သည်။ 

မြောက်ကိုးရီးယားကို ‌စောင့်ကြည့်ရန် အမေရိကန်အခြေစိုက် မြောက်ပိုင်း ၃၈ စီမံချက်၏ သောကြာနေ့ ပြောကြားချက်အရ ၎င်းနိုင်ငံအတွင်းရှိ နျူကလီယားထုတ်လုပ်ရေးသည် အလားအလာရှိသော နျူကလီးယာလက်နက်များနှင့် အခြားသော ချဲ့ထွင်မှူများအတွက် အပြည့်အဝလုပ်ဆောင်လျက်ရှိသည် ဟုပြောကြားခဲ့သည်။ 

‌ဘာသာပြန် – အောင်မျိုးမြတ် 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.