ဘေဂျင်း၊ မတ် ၅

တရုတ်နိုင်ငံသည် ဒေသတွင်း လုံခြုံရေးအတွက် ခြိမ်းခြောက်မှုများ တိုးလာနေတဲ့ အခြေအနေကြောင့် တရုတ် နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို ယခုနှစ်တွင် အချိုးအစား ပိုတိုးသုံးစွဲမှာ ဖြစ်ပါသည်။

စစ်အသုံးစရိတ်သည် ၇.၁ ရာခိုင်နှုန်း၊ ယွမ် ၁.၄၅ ထရီလီယံ (စင်ကာပူဒေါ်လာ ၃၁၂ ဘီလီယံ) ပမာဏ တိုးလာ မည်ဖြစ်ပြီး ယမန်နှစ် ၆.၈ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ပိုများလာမည်ဖြစ်ကြောင်း ဒီကနေ့မှာ ထုတ်ပြန်သည့် တရုတ်ဘတ်ဂျက်မှ ကိန်းဂဏန်းအချက်အလက်များအရ သိရပါသည်။

Two Sessions သို့မဟုတ် lianghui ဟုခေါ်သည့် တရုတ်၏ နှစ်ပတ်လည် ဥပဒေပြုရေး အစည်းအဝေးများ အဖွင့်တွင် နှစ်စဉ်ထုတ်ပြန်ခဲ့သည့် ကိန်းဂဏာန်းများအရ ပေကျင်း၏ စစ်ရေးစွမ်းရည်ကို မည်သို့ချဲ့ထွင်မည်ကို အတိုင်းအတာတစ်ခုအဖြစ် အနီးကပ် စောင့်ကြည့်နေပါသည်။

ဝန်ကြီးချုပ်လီခချန်း က တရုတ်နိုင်ငံသည် ၎င်း၏ စစ်ရေးလေ့ကျင့်မှုနှင့် တိုက်ခိုက်ရေးအဆင့်ကို တိုးမြှင့် ပေးမည်ဖြစ်ပြီး “စစ်တပ်၏ ထောက်ပံ့ပို့ဆောင်ရေးနှင့် ပိုင်ဆိုင်မှု စီမံခန့်ခွဲမှုစနစ်များကို ခေတ်မီစေရန် လျင်မြန်စွာ တိုးတက်လာဖို့ ခေတ်မီလက်နက်နှင့် စက်ကိရိယာများ စီမံခန့်ခွဲရေးစနစ်ကို တည်ဆောက်မည်” ဟု ဝန်ကြီးချုပ် လီခချန်းက စနေနေ့တွင် ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ၎င်း၏ စစ်လက်နက်တိုက်များကို တိုးချဲ့ခဲ့ပြီး၊ အသံထက်မြန်သည့် စစ်လက်နက်များကဲ့သို့သော အဆင့်မြင့် တိုက်ခိုက်မှုစွမ်းရည်များထိ မြှင့်တင်ခဲ့ပါသည်။

သြစတြေးလျနှင့် ဗြိတိန်တို့ အပါအဝင် AUKUS လို့ခေါ်တဲ့သုံးနိုင်ငံ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ဖြင့် တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှုကို တန်ပြန်ရန် အမေရိကန်က ကြိုးပမ်းနေသဖြင့် ဒေသတွင်း ရန်ဘက်အနေဖြင့် ရှုမြင်နေသည့် အနေအထားကို ကိုင်တွယ်ဖြေရှင်းနေခြင်းဖြစ်ပါသည်။

မစ္စတာလီသည် ၎င်း၏ “အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ကာကွယ် ရန်အတွက် တရုတ်နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များ အားကောင်းရန် လိုအပ်ကြောင်း စနေနေ့က ပေကျင်းရှိ လွှတ်တော်အမတ် ၂၈၀၀ နီးပါတက်ရောက်တဲ့ Great Hall of the People တွင် စနေနေ့တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ၆ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ရပြီး တပ်မတော်ဘတ်ဂျက်သည် နှစ်စဉ် GDP တိုးတက်မှုနှင့် ညှိနှိုင်းနေသောကြောင့် ယခုနှစ် ကာကွယ်ရေးအသုံးစရိတ် တိုးတက်မှုမှာ အံ့သြစရာမဟုတ်ကြောင်း S. Rajaratnam School of International Studies မှ တွဲဖက် သုတေသနလုပ်ဖော်ကိုင်ဖက် James Char က  ပြောကြားခဲ့သည်။

မစ္စတာလီသည် ယခုနှစ်အတွင်း GDP တိုးတက်မှု ၅ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင်ကို ရည်မှန်းထားသော်လည်း ပြီးခဲ့သည့်နှစ်တွင် ကပ်ရောဂါဘေးမှ ပြန်လည်ကောင်းမွန်လာသောကြောင့် တရုတ်စီးပွားရေးသည် ဆယ်စုနှစ်အတွင်း ၎င်း၏အကောင်းဆုံးစွမ်းပကားအဖြစ် ၈.၁ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ပါသည်။

“ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ခေါင်းဆောင်နှစ်ဦးစလုံးက ဝါရှင်တန်ကို သူတို့ရဲ့ အဓိကရန်ဘက်အဖြစ် ရှုမြင်ကြပြီး ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ ပါဝါကြီးထွားလာတဲ့အတွက် အမေရိကန် စစ်တပ်ဟာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်တယ်လို့ သိထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဘာသာပြန် – အာသစ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.