ဖာပွန်၊ မတ် ၅

ဖာပွန်ခရိုင်အတွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ အခုအခါမှာတော့ မြိုင်ကြီးငူဒေသနဲ့ကမမောင်းမြို့ဘက်ကို ထပ်မံတိမ်းရှောင်လာကြတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

ဖာပွန်ခရိုင်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် ဒေသခံစစ်ရှောင်ပြည်သူတွေဟာ နီးစပ်တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင် နေထိုင်နေကြတာပါ။

အခုအခါမှာတော့ ဖာပွန်က စစ်ရှောင်ပြည်သူအများစုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး မြိုင်ကြီးငူဒေသနဲ့ ကမမောင်းမြို့ဘက်ကို ထပ်မံတိမ်းရှောင်လာကြတာပါ။

မြိုင်ကြီးငူနဲ့ ကမမောင်းဘက်ကို တိမ်းရှောင်ခိုလှုံလာသူတွေ ပိုမိုများပြားလာတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။

အခုအခါမှာတော့ ကမမောင်းနဲ့ မြိုင်ကြီးငူဒေသဘက်ကို ထပ်မံတိမ်းရှောင်လာတဲ့ ဖာပွန်စစ်ဘေးရှောင်တွေဟာ ထောင်ချီရှိနေတာပါ။

မြိုင်ကြီးငူဒေသမှာ ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မယ်သဝေါတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရောက်ရှိလာတဲ့ မယ်သဝေါစစ်ရှောင် ၅၀၀၀ ကျော်ရှိသလို လက်ရှိမှာတော့ ဖာပွန်ဒေသတိုက်ပွဲကြောင့် ဖာပွန်စစ်ဘေးရှောင်တွေလည်း ထပ်မံတိမ်းရှောင်ရောက်ရှိလာတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.