Radio Than Lwin Times(Episode 5/3)
Sound Cloud Link
Sound Cloud Link
ဖာပွန်၊ မတ် ၅ ဖာပွန်ခရိုင်အတွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ အခုအခါမှာတော့ မြိုင်ကြီးငူဒေသနဲ့ကမမောင်းမြို့ဘက်ကို ထပ်မံတိမ်းရှောင်လာကြတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။ ဖာပွန်ခရိုင်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် ဒေသခံစစ်ရှောင်ပြည်သူတွေဟာ နီးစပ်တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင် နေထိုင်နေကြတာပါ။ အခုအခါမှာတော့ ဖာပွန်က စစ်ရှောင်ပြည်သူအများစုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး မြိုင်ကြီးငူဒေသနဲ့…
ဘန်ကောက်၊ မတ် ၅ ယူကရိန်းသို့ ရုရှားကျုးကျော်ဝင်ရောက်မှုကို ဆန့်ကျင်သည်ဟုဆိုသည့် ထိုင်းအစိုးရအဖွဲ့၏ ရပ်တည် ချက်ကို ရယူရန် ဘန်ကောက်မြို့ရှိ သံအမတ် ၂၅ ဦး၏ တောင်းဆိုချက်ကို ဝန်ကြီးချုပ်ပရရွတ် ချန်အိုချာမှ ဘေးဖယ်ထားခဲ့ပြီးဖြစ်သည်။ အင်္ဂါနေ့က ကျင်းပသော အပတ်စဥ် အစိုးရအစည်းအဝေးအပြီး ဝန်ကြီးချုပ်က သတင်းထောက်များသို့ ပြောကြားရာတွင် “ကျွန်ုပ်တို့နဲ့ ဒီကိစ္စအပေါ် မျှချေကိုပဲ ထိန်းသိမ်းဖို့လိုတယ်” ဟုပါရှိသည်။…
မော်လမြိုင် ၊ မတ် (၅) တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ဘေးရှောင်တွေအပါအဝင် ဒေသခံတွေ အစုလိုက်အပြုံလိုက် ကိုဗစ်ကူးစက်ခံနေရလို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က တာဝန်ရှိသူတွေက ပြောပါတယ်။ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲက ကျေးရွာတွေဖြစ်တဲ့ ကျောက်အိုင်၊ မဲကဲ၊ ဝင်းကဖော် အပါအဝင် အနီးနား ကျေးရွာတွေက စစ်ရှောင်ပြည်သူ အပါအဝင် ဒေသခံ ၁၀၀၀ ကျော် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။…
ဖနွမ်ပင်၊ မတ် ၄ လွန်ခဲ့သောနှစ်အာဏာသိမ်းမှုကြောင့် ပဋိပက္ခများဖြစ်ပေါ်နေသော တိုင်းပြည်အတွင်း ငြိမ်းချမ်းရေးဖြစ်စဥ်တစ်ရပ် အစပြုရန် ကြိုးပမ်းအားထုတ်မှု တစ်ရပ်အဖြစ် အာဆီယံအထူးကိုယ်စားလှယ်သည် မတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ အထိ မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဥ်ထားသည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမှ သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။ လက်ရှိအာဆီယံဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ပရာ့ဆွန်ခွန်သည် လွန်ခဲ့သော လအတွင်းက…
မော်လမြိုင် ၊ မတ် (၅) အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ပြောင်းလဲမှုတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးပရက်ဆော့ခွန်းဟာ လာမယ့် မတ်လ ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ သူရဲ့ မြန်မာပြည်ခရီးစဉ်မှာတော့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်…
ကိဗ်၊ မတ် ၄ ယူကရိန်းရှိ ဥရောပ၏ အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကို ရုရှားက တိုက်ခိုက်ပြီးနောက် မီးလောင် ခဲ့ကြောင်း ဒေသန္တရမြို့တော်ဝန်က ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံရှိ (Zaporizhzhia) နျူကလီးယားဓာတ်အားပေးစက်ရုံသည် ရုရှားတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှု ကြောင့် စက်ရုံ၏အပြင်ဘက်ရှိ လေ့ကျင့်ရေးအဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင် အရေးပေါ်ဌာနက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို…
မော်လမြိုင် ၊ မတ် (၅) အာဏာသိမ်း စစ်ကောင်စီဟာ တပ်ဖွဲ့ဝင် အင်အားနည်းလာတာကြောင့် ရဲတပ်ဖွဲ့ ၆ ခုကို ဖျက်သိမ်းပြီး တပ်ဖွဲ့ဝင်တွေကို ရှေ့တန်းပို့ဖို့ စီစဉ်နေတယ်လို့ CDM ရဲအရာရှိ တစ်ဦးက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲချုပ်ရုံးလက်အောက်က လေကြောင်းရဲ၊ ရေကြောင်းရဲ၊ ရေနံမြေရဲ၊ သစ်တောရဲ၊ အမြန်လမ်းရဲ့နဲ့ ကမ္ဘာလှည့်ခရီးသွား ရဲတပ်ဖွဲ့တွေကို ဖျက်သိမ်းပြီး…