တူပီလစီ၊ မတ် ၄

ဥရောပပါလီမန်က စစ်ဘေးဒဏ်ကို ဆိုးရွားစွာခံစားရတဲ့ ယူကရိန်းနိုင်ငံကို အီးယူအဖွဲ့ဝင်အဖြစ် လျှောက်ထားရန် ကမ်းလှမ်းချက်ကို ထောက်ခံပေးပြီးနောက် တစ်ရက်အကြာတွင် ဂျော်ဂျီယာသည် အီးယူအဖွဲ့ဝင်အဖြစ် အနှေးနဲ့ အမြန်လျှောက်ထားမည်ဖြစ်ကြောင်း ပင်လယ်နက်နိုင်ငံ၏ အာဏာရပါတီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

လက်ရှိ အာဏာရပါတီ ဂျော်ဂျီယာရဲ့အိပ်မက်ပါတီ ဥက္ကဋ္ဌ အိုင်ရာကလီ ကိုဘာခိဒ်ဇီက အီးယူ အဖွဲ့ဝင်အဖြစ် ချက်ချင်း လျှောက်ထားရန် ပါတီ၏ ယနေ့ ဆုံးဖြတ်ချက်ကို ကြေညာခဲ့သည်။

“ကျွန်ုပ်တို့၏လျှောက်လွှာကို အရေးတကြီးပြန်လည်သုံးသပ်ရန်နှင့် ဂျော်ဂျီယာအား အီးယူအဖွဲ့ဝင်ကိုယ်စားလှယ် အဖြစ် အသိအမှတ်ပြုရန် ဆုံးဖြတ်ချက်ချရန် အီးယူအား တောင်းဆိုသည်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် နိုင်ငံရေးအခြေအနေ အလုံးစုံနှင့် လက်တွေ့ဖြစ်ပျက်နေတဲ့အခြေအနေအသစ်ကို အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဂျော်ဂျီယာ၏ EU နှင့် ပေါင်းစည်းမှုသည် “ကျွန်ုပ်တို့၏နိုင်ငံအား ပြည်သူလူထု၏ သုခချမ်းသာ၊ လုံခြုံရေးနှင့် တိုက်ခိုက်သိမ်းပိုက်ခြင်းမရှိစေရန်တို့၌ အရည်အသွေးမြင့် တိုးတက်လာာစေမည့် လမ်းကြောင်းတစ်ခုပေါ်သို့ ပို့ဆောင်ပေးမည်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဂျော်ဂျီယာ၏ ဆုံးဖြတ်ချက်သည် ယူကရိန်းသမ္မတနိုင်ငံကို EU ကိုယ်စားလှယ်နိုင်ငံအဖြစ် ပေးအပ်ရန် စည်း နှောင်မှုမရှိတဲ့ ဥရောပပါလီမန်အဖွဲ့ဝင်များမှ ထောက်ခံမှုရရှိခဲ့သော ယူကရိန်းသမ္မတ ဇလန်းစကီး ၏ အလားတူ လုပ်ဆောင်ချက် ဖြစ်သည်။

ဂျော်ဂျီယာ၏ အာဏာရပါတီသည် ကိဗ်ကို နာမူနာယူရန် အတိုက်အခံပါတီများမှ ပေးသော ပြင်းထန်သည့် ဖိအားများနှင့် ရင်ဆိုင်နေရပြီး ယူကရိန်းအပေါ် ဥရောပပါလီမန်အဖွဲ့များ၏ မဲပေးမှုသည် ဂျော်ဂျီယာအနေဖြင့် နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် EU တွင် ပါဝင်ရေးမျှော်မှန်းချက်များကို မြှင့်တင်ရန် အခွင့် အလမ်းတစ်ခုဖြစ်သည်။

ပြီးခဲ့သောနှစ်တွင် ဂျော်ဂျီယာအစိုးရသည် ၂၀၂၄ ခုနှစ်တွင် အီးယူအဖွဲ့ဝင်အဖြစ် လျှောက်ထားရန် ရည်ရွယ်ချက်ကို ကြေညာခဲ့သည်။

ယူကရိန်းစစ်ပွဲသည် အီးယူအဖွဲ့ဝင်ဖြစ်ရန် ကြိုးပမ်းနေသည့် အခြားသော ဆိုဗီယက်သမ္မတနိုင်ငံဟောင်းဖြစ်သည့် ဂျော်ဂျီယာနှင့် မော်လ်ဒိုဗာအပေါ် အနောက်အုပ်စု၏ အာရုံစိုက်မှုကို အားကောင်းစေသည်။ လေ့လာသူအချို့က အဆိုပါနိုင်ငံများကို ယူကရိန်းပြီးနောက် ကရင်မလင်အတွက် ဖြစ်နိုင်ချေရှိသော ပစ်မှတ်များအဖြစ် ရှုမြင်ကြ သည်။

ဂျော်ဂျီယာနှင့် ယူကရိန်းတို့သည် အနောက်နိုင်ငံများနှင့် ပိုမိုနီးကပ်စွာဆက်ဆံရန် ကြိုးပမ်းမှုများကြောင့် ရုရှားကို အမြက်ထွက်စေခဲ့သည်။

ဘာသာပြန် – အာသစ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.