ကိုလံဘို၊ မတ် ၄

သီရိလင်္ကာနိုင်ငံ၏ နိုင်ငံခြားငွေကြေးလဲလှယ်မှုအခြေအနေသည် ပိုမိုဆိုးရွားလာခဲ့ပြီး လောင်စာဆီတင် သွင်းရန် ဒေါ်လာငွေ မရှိဘဲ ဘတ်စ်ကားများတွင် ဒီဇယ်ပြတ်လပ်မှုများ ဖြစ်ပေါ်နေသောကြောင့် နိုင်ငံ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍတစ်ခုလုံး ချိနဲ့ နေသည်ဟု အာဏာပိုင်များမှ မတ်လ ၂ ရက်နေ့တွင် ပြော ကြားခဲ့သည်။ 

ပုဂ္ဂလိက ဘတ်စ်ကားပိုင်ရှင်များအသင်း၏ ပြောကြားချက်အရ ယာဥ်မောင်းများအနေဖြင့် လောင်စာ ဆီဖြည့်နိုင်ံရန်အတွက် ၇ နာရီကြာ စောင့်ဆိုင်းရသော အခြေအနေများအတွင်းမှာ သူတို့သည် ယာဥ်အစီး ရေပေါင်း ၂၀,၀၀၀ အနက်က လေးပုံပုံ တစ်ပုံကိုသာ ပြေးဆွဲရေးအတွက် ဆောင်ရွက်နိုင်သည် ဟု ပြောကြားခဲ့သည်။

“ဒီဇယ်ဆီ မရှိတာကြောင့် ကျွန်ုပ်တို့က ဘတ်စ်ကားတွေကို နှစ်ရက်အကြာ‌ပြေးဆွဲဖို့မဖြစ်နိုင်ပါဘူး။ ကျွန်ုပ် ဒီဇယ်အတွက် တန်စီးတုန်းကလည်း ၇ နာရီခွဲလောက် စောင့်ခဲ့ရဖူးတယ်” ဟု အသက် ၅၁ နှစ် အရွယ် ဘတ်စ်ကား ယာဥ်မောင်း ဆာရတ်က ပြောကြားခဲ့သည်။ 

ဘတ်စ်ကားယာဥ်လိုင်းများမှ ခရီးစဉ်အချိန်ဇယားများကို အသိပေးထုတ်ပြန်ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ခရီးသည်များက ယင်းတို့၏ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်များနှင့် မော်တော်ကားငယ်များကို အသုံးပြု ကာ သွားလာနေကြသည်ကို တွေ့မြင်ခဲ့သည်။ 

သီရိလင်္ကာနိုင်ငံ၏ အကြီးစားလောင်စာဆီတင်သွင်းသည့် ကုမ္ပဏီ Lanka IOC သည် စနေနေ့တွင် ဈေးနှုန်းများကို များနိုင်သမျှ များအောင် သတ်မှတ်လိုက်ချိန်တွင် အစိုးရပိုင်ကုမ္ပဏီဖြစ်သည့် ဆေလွန် လောင်စာကော်ပိုရေးရှင်း (CPC) မှလည်း ၎င်း၏ ဈေးနှုန်းများကို မြှင့်တင်နိုင်ရေးအတွက် အစိုးရထံသို့ မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ 

CPC သတင်းရင်းမြစ်၏ ပြောကြားချက်အရ ယင်းတို့သည် နောက်ထပ် ၄ ရက်အတွက်သာ လောင်စာဆီ ထောက်ပံ့နိုင်တော့မည်ဟု သိရသည်။ 

“ကျွန်ုပ်တို့ကတော့ လောင်စာဆီရောင်းချတဲ့ဆိုင်တွေမှာဖြစ်နေတဲ့ ဒီဇယ်ပြဿနာတွေကို လျှော့ချထား နိုင်ခဲ့သလို ပန့်ဆိုင်တွေမှာလည်း ဆီကို အချိုးကျစနစ်နဲ့ ကြိုးစားပြီး ရောင်းပေးဖို့ တိုက်တွန်းထားပါ တယ်” ဟု ထိုသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ 

သုံးဘီးယာဥ်မောင်းတစ်ဦးဖြစ်သည့် အသက် ၃၆ နှစ်အရွယ် ထုစ်ဟာရာကလည်း ဆီဖြည့်ဖို့အတွက် ခြောက်နာရီကြာ စောင့်ဆိုင်းခဲ့ရသည် ဟုပြောကြားခဲ့သည်။ 

ထိုယာဥ်မောင်းက “လူတွေ ဒီလိုခံစားနေရတာကို သမ္မတက ဘာကြောင့်မစဥ်းစားပေးနိုင်တာလဲ။ သူ ဒီ ဒုက္ခတွေကို နားမလည်တာလား။ အပြင်ထွက်ပြီး ကြည့်လိုက်စမ်းပါ၊ ဘာကြောင့်များ လူတွေကို ဒါမျိုး ကြုံတွေ့ဖို့ အခွင့်ပေးနေတာလဲ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ 

သီရိလင်္ကာနိုင်ငံတွင် ခုနှစ်နာရီခွဲကျော်ကြာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုသည် ရာစုနှစ်၏ လေးပုံ တပုံအကြာမှာ အရှည်ကြာဆုံး အချိုးကျ ဓါတ်အားခွဲပေးဝေမှုဖြစ်ခဲ့ပြီး ၎င်းအခြေအနေကြောင့် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတစ်ခုလုံး ရပ်ဆိုင်းသွားခဲ့သည်။  

သီရိလင်္ကာနိုင်ငံ ပြည်သူ့အကျိုးဆောင်ကော်မရှင်မှ ထိုပြတ်တောက်မှုသည် မီးစက်များကို မောင်းနှင် ရန်အတွက် လောင်စာဆီတင်သွင်းဖို့ ဒေါ်လာငွေလဲလှယ်မှု ပြတ်တောက်ခြင်းကြောင့် ဖြစ်ပေါ်ခဲ့ရသည် ဟု ပြောကြားခဲ့သည်။ 

လက်ရှိခြောက်သွေ့ရာသီကြောင့်လည်း ရေအားလျှပ်စစ်လည်ပတ်နှုန်းထားမှာ ကျဆင်းလာခဲ့သည်။ 

အင်္ဂါနေ့က ထုတ်ပြန်သော ညွှန်ကြားချက်အသစ်တစ်ရပ်တွင် အစိုးရအင်စတီကျူးရှင်းများ အားလုံး သည် နေ့လည်ခင်းချိန်များ၌ စွမ်းအင်ချွေတာရန် လေအေးပေးစက်များကို ပိတ်ထားကြရန် တိုက်တွန်း ထားခဲ့သည်။ 

ဒေါ်လာငွေကို အဓိက ရှာဖွေပေးသော သီရိလင်္ကာနိုင်ငံ၏ ခရီးသွားကဏ္ဍသည်လည်း ကိုဗစ်ကပ်ဘေး ကြောင့်ပြိုလဲသွားခဲ့ပြီး အစိုးရမှ ၂၀၂၀ ခုနှစ် မတ်လတွင် နိုင်ငံခြားငွေကြေးများကို ချွေတာနိုင်ရန် တင် သွင်းကုန်များအပေါ် တားမြစ်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့သည်။ 

သီရိလင်္ကာနိုင်ငံသည် စီးပွားရေးအကျပ်အတည်းသို့ ဆိုက်ရောက်နေပြီး အစားအသောက်၊ ဆေးဝါး၊ မော်တော်ယာဥ်သုံး အစိတ်အပိုင်းများနှင့် ဘိလပ်မြေ စသည့် ကုန်စည်များပါ ပြတ်လပ်နေပြီး ဈေးဝယ် စင်တာများသည်လည်း လူသုံးကုန်များကို အချိုးကျ ရောင်းချနေရသည်။ 

တရားဝင်အချက်အလက်များအရ နိုင်ငံ၏ နိုင်ငံခြားအရန်ငွေသည် ဇန်နဝါရီ လကုန်ပိုင်းတွင် အမေရိကန် ဒေါ်လာ ၂.၀၇ ဘီလီယမ်အထိ ကျဆင်းသွားခဲ့ပြီး ယခင်လနှင့် နှိုင်းယှဥ်ပါက ၂၅ ရာခိုင်နှုန်းအထိ ကျဆင်း ကာ သမ္မတ ရာဂျာပက်ဆာ တာဝန်ယူသည့် ၂၀၁၉ နိုဝင်ဘာလတွင် အမေရိကန်‌ဒေါ်လာ ၇.၅ ဘီလီယ အထိကျဆင်းခဲ့သည်။ 

စွမ်းအင်ဝန်ကြီး၏ ပြောကြားချက်အရ စွမ်းအင်အကျပ်အတည်းကို ဗြိတိန်ထံမှ လွတ်လပ်‌ရေးရသည့် ၁၉၄၈ ခုနှစ်ကတည်းဆိုလျှင် အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းတစ်ခု အဖြစ်ပြောကြားခဲ့သည်။

ထိုပြန်လည်မှုသည် အလုံးစုံ ငွေကြေးဖောင်းပွမှုကို ၁၆.၈ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်စေခဲ့ကာ အစား အသောက် (ဈေးနှုန်း)ဖောင်းပွမှုကို ၂၅ ရာခိုင်နှုန်းအထိ တွန်းပိုခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.