ဝါရှင်တန်၊ မတ် ၃

ယခုလအတွင်း ဝါရှင်တန်၌ ကျင်းပမည့် အာဆီယံ ၁၀ နိုင်ငံ မဟာမိတ်နှင့် ထိပ်သီးဆွေးနွေးပွဲသို့ စစ်တပ် အုပ်ချုပ်နေသည့် မြန်မာနိုင်ငံမှ နိုင်ငံရေးရာထူးမရှိတဲ့ ကိုယ်စားလှယ်ကို အာဆီယံ၏ ဦးဆောင်မှုဖြင့် ဖိတ်ကြားသွားမည်ဟု  အမေရိကန်ပြည်ထောင်စုက မတ်လ ၂ ရက်တွင် ပြောကြားပါခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် မတ် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် အမေရိကန်နှင့် အာဆီယံခေါင်းဆောင် များ၏ အထူးထိပ်သီးအစည်းအဝေးကို အမေရိကန်ပြည်ထောင်စုမှာ လက်ခံကျင်းပရန် စီစဉ်ထားသည်။

“မြန်မာနိုင်ငံက နိုင်ငံရေးရာထူးမရှိတဲ့ ကိုယ်စားလှယ်ကို အာဆီယံအဆင့်မြင့်အခမ်းအနားတွေမှာ ဖိတ်ကြားဖို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ထောက်ခံပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“ ထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံက နိုင်ငံရေးနောက်ခံမဟုတ်တဲ့ ကိုယ်စားလှယ်ကို ဖိတ်ကြားဖို့လည်း ကျနော်တို့ အလားတူဆုံးဖြတ်ထားပါတယ်။ စစ်အစိုးရက အာဆီယံက တောင်းဆိုထားတဲ့ အချက်ငါးချက်မှာ အဓိပ္ပာယ်ပြည့်ဝတဲ့ တိုးတက်မှုတွေ မလုပ်နိုင်ခဲ့တဲ့အတွက် တာဝန်ခံသင့်တယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ဗိုလ်ချုပ်တွေ အာဏာသိမ်းပြီးကတည်းက တိုင်းပြည်မှာ ပဋိပက္ခအဆုံးသတ်ရေး မဟာမိတ်အဖွဲ့တွေနဲ့ သဘောတူထားတဲ့ အစီအစဉ်ကို လေးစားလိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့အတွက် မြန်မာစစ်ကောင်စီကို ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာအာဆီယံရဲ့ အဓိကအစည်းအဝေးတွေမှာတက်ရောက်ဖို့ တားမြစ်ခဲ့ပါတယ်။

ပဋိပက္ခကြောင့် အရပ်သား ရာနှင့်ချီ သေဆုံးခဲ့ပြီး လူ ၃၀၀,၀၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရကာ နိုင်ငံခြား ကုမ္ပဏီများ အစုအပြုံလိုက် စွန့်ခွာမှုတွေ ဖြစ်ခဲ့ပါသည်။

ထိုအချိန်မှစ၍ အာဆီယံသည် နိုင်ငံရေးနောက်ခံမဟုတ်တဲ့ မြန်မာကိုယ်စားလှယ်ကို အစည်းအဝေးများသို့ ဖိတ်ကြားခဲ့သော်လည်း စစ်ကောင်စီကသာ တရားဝင်အာဏာရှိသည်ဟုဆိုကာ ငြင်းဆိုခဲ့ပါသည်။

အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့နှင့် အခြားသောနိုင်ငံများမှ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုများ အတွက် ပစ်မှတ်ထားခံနေရသည့် တပ်မတော်အစိုးရကို အာဆီယံက တရားဝင် အသိအမှတ်မပြုခဲ့ပေ။

အိမ်ဖြူတော် ထိပ်သီးဆွေးနွေးပွဲသည် ဝါရှင်တန်နှင့် ထိတွေ့ဆက်ဆံမှု အရှိန်မြှင့်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်၏ ကြီးထွားလာနေသော ပါဝါကို ပြန်လည်တွန်းလှန်ရန် လုပ်ဆောင်ချက် ဖြစ်သည်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေသော်လည်း အင်ဒို-ပစိဖိတ်ဒေသနှင့် ၎င်းနှင့် တရုတ်နိုင်ငံ၏ ပြိုင်ဆိုင်မှုအား ဆက်လက်ထိန်းသိမ်းထားရန် စိတ်အားထက်သန်နေသည့် ဘိုင်ဒန်အစိုးရက အဓိက နိုင်ငံခြားရေးမူဝါဒအဖြစ် ကြေညာထားပါသည်။

ဘာသာပြန် – အာသစ်

Ref:The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.