March 2, 2022

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမှုပြန်လည် ရင်ဆိုင်နေရ

မော်လမြိုင် ၊ မတ် (၂) မွန်ပြည်နယ်မှာ ဖမ်းဆီးအမိန့်ချခံရပြီးနောက် ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီဘက်က ပြင်ဆင်မှု ထပ်တက်တာကြောင့် အမှုပြန်လည် ရင်ဆိုင်နေရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီရဲ့ တရားစွဲ အဖွဲ့အစည်းတွေဖြစ်တဲ့ ရဲနဲ့ အုပ်ချုပ်ရေးဘက်က မြို့နယ် တရားရုံးကနေ ချမှတ်တဲ့ ထောင်ဒဏ်တွေ နည်းတယ်ဆိုပြီး…

ပူတင်ဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ ကြိုးစားနေတယ်လို့ ယူကေ အစိုးရ သတိပေး

လန်ဒန်၊ မတ် ၂ ယူကရိန်းရှိ မြို့တစ်မြို့ကိုဝင်ရောက်စီးနင်းချိန်တွင် သတ်မှတ်ခွဲခြားခြင်းမရှိတဲ့ ပစ်ခတ်မှုကြောင့် မစ္စတာပူတင်နှင့် ယူကရိန်းရှိ ယင်း၏ ကွပ်ကဲရေးမှူးများသည် စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆို ခံရမည်ဖြစ်ကြောင်း ယူကေအစိုးရမှ သတိပေးလိုက်သည်။ ခါကိဗ်မြို့သို့ အမြှောက်ဖြင့် ပစ်ခတ်လိုက်ချိန်တွင် ကျောင်းအဆောက်အအုံတစ်လုံး ပျက်စီးခဲ့ပြီး အနည်းဆုံး အရပ်သား ၁၁ ယောက်သေဆုံးခဲ့သည်ဟု မြို့တော်ဝန်ထုတ်ပြန်ချက် အရ သိရသည်။ ဗြိတိန်သတင်းစာများ ရှေ့မျက်နှာဖုံးများတွင်…

မြန်မာစစ်တပ်က ပြည်ပမီဒီယာတွေကို ဘက်လိုက်တယ်လို့ စွပ်စွဲ

ရန်ကုန်၊ မတ် ၁ နိုင်ငံတွင်း အဖြစ်အပျက်များကို သတင်းမှားများ ရေးသားဖော်ပြခြင်းနှင့် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက် ဖြင့် “အကြမ်းဖက်သမားများ” မှ လွဲမှားသော သတင်းအချက်အလက်များဖြင့် လှည့်ဖြားခြင်းခံရသည်ဟုဆိုကာ ပြည်ပမီဒီယာများကို ဘက်လိုက်ဖော်ပြသည်ဟု မြန်မာစစ်တပ်က တနင်္လာနေ့မှာ ပြစ်တင်ရှုတ်ချခဲ့ပါသည်။ ရှားရှားပါးပါး ထုတ်ပြန်ချက်တစ်ခုတွင် စစ်ကောင်စီက မီဒီယာများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ မိတ်ဆွေဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ငြိမ်းချမ်းရေးနှင့် နိုင်ငံသားများကို ကာကွယ်ရန်…