Radio Than Lwin Times(1-3-2022)
Sound Cloud Link
Sound Cloud Link
မော်လမြိုင်၊ မတ် ၁ စစ်ဖက်ဆိုင်ရာ အမှုအခင်းတွေ ပေါ်ပေါက်လာရင် တိုင်ကြားနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနဟာ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ပေါ်ပေါက်လာတဲ့ စစ်ဖက်ဆိုင်ရာ အမှုအခင်းတွေ စုံစမ်းစစ်ဆေးဖို့၊ နစ်နာသူတွေ တရားမျှတမှုရှိစေဖို့နဲ့ ဥပဒေစိုးမိုးရေး ဖော်ဆောင်နိုင်ဖို့အတွက် စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်ကို ဖွဲ့စည်းထားတယ်လို့ ထုတ်ပြန်ချက်မှာ…
လဗီး၊ ဖေဖော်ဝါရီ ၂၈ ယူကရိန်းနိုင်ငံ၏ အနောက်ဘက်အဓိကမြို့တော်တစ်ခုဖြစ်သော လဗီးမြို့ရှိ စက်မှုဇုန်အတွင်းမှ ပရာဗာတာ ဘီယာချက်စက်ရုံ၏ အလုပ်သမားများသည် ရုရှားကျူးကျော်မှုကို တုံ့ပြန်နိုင်ရန်အတွက် ဘီယာထုတ်လုပ် ခြင်းမှ မိုလိုတော့ဗ် ကောတေးလ် ထုတ်လုပ်ခြင်းကို ပြောင်းလဲလုပ်ကိုင်ခဲ့ကြသည်။ လဗီမြို့သည် ပိုလန်နိုင်ငံတွင် တည်ရှိပြီး မြို့၏ အချို့နေရာများမှာ ရုရှားတင့်ကားများကို စိုးရိမ်နေရသည့် အခြေအနေတွင်ရှိသည်။ ယခုအခါတွင် မိုလိုတော့များကို ဒါဇင်အရေအတွက်နှင့်ချီ၍ ထုတ်လုပ်ထားပြီးဖြစ်သည်။…
မော်လမြိုင် ၊ မတ် (၁) မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း မှောင်ခိုဈေးကွက် ပိုမို ကြီးထွားလာတာကြောင့် SME လုပ်ငန်း အထိနာနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော် ကာလအတွင်း ဆောက်လုပ်ရေး လုပ်ငန်းသုံး ကုန်ပစ္စည်းတွေ၊ စားသောက်ကုန်တွေ အပါအဝင် တခြား ကုန်ပစ္စည်းတွေကို မှောင်ခိုဈေးကွက်ကနေ အဓိက တင်သွင်းလာကြတာပါ။…
မော်လမြိုင် ၊ မတ် (၁) ဖာပွန်မြို့ပေါ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF)တို့အကြား တိုက်ပွဲပိုမို ပြင်းထန်လာတာကြောင့် ဒေသခံအရပ်သားပြည်သူတွေပါ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ဒေသခံတွေ ပြောပါတယ်။ ဖာပွန်မြို့အနီးမှာ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံတွေ နေ့စဉ်လိုလိုကြားနေရပြီး အခုအခါမှာတော့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေအပြင် မြို့ခံပြည်သူတွေလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လာရတာ ဖြစ်ပါတယ်။…
ကိဗ်၊ ဖေဖော်ဝါရီ ၂၈ Alphabet Inc ၏ Google သည် ယမန်နေ့တွင် ယာဉ်ကြောအသွားအလာအခြေအနေနှင့် ရှုပ်ထွေးသည့်နေရာ များအကြောင်း တိုက်ရိုက်သတင်းအချက်အလက်ပေးသည့် Google Maps ကိရိယာအချို့ကို ယူကရိန်းအတွက် ယာယီပိတ်ထားကြောင်း အတည်ပြုခဲ့ပါတယ်။ ဒေသဆိုင်ရာအာဏာပိုင်များနှင့် တိုင်ပင်ပြီးနောက် ယူကရိန်းတွင် စတိုးဆိုင်များနှင့် စားသောက်ဆိုင်များကဲ့သို့ အလုပ်များသည့်နေရာများ ထူထပ် စည်ကားသောနေရာများကို ဒေသတွင်းအသိုင်းအဝိုင်းများနှင့် တိုင်ပင် ဆွေးနွေးပြီးနောက်…