February 2022

NUG နှင့် တွေ့ဖို့ စစ်ကောင်စီလိုလားမယ်လို့ အာဆီယံကိုယ်စားလှယ်မျှော်လင့်

ဖနွမ်ပင်၊ ဖေဖော်ဝါရီ ၁၈ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ လာမည့်လအတွင်း မြန်မာနိုင်ငံသို့ သွား ရောက်နိုင်ရေးအတွက် ကြိုးစားနေပြီး NUG အစိုးရနှင့် တွေ့ဆုံဆွေးနွေးသွားနိုင်ရန် စစ်ခေါင်းဆောင်ကို မေတ္တာရပ်ခံခဲ့သည်ဟု ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။ အာဆီယံ၏ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူဆောင်ရွက်မည့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရာ့ဆွန်ခွန်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အဖယ်ရှားခံအစိုးရ၏ အဖွဲ့ဝင်များနှင့်…

ရွေးကော် အရာရှိ ၂၄၀ ကျော်ကို ဝန်ထမ်းအဖြစ်က ထုတ်ပယ်ကြောင်း NUG ကြေငြာ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၈) စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် အရာရှိ ဝန်ထမ်း ၂၄၆ ဦးကို အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်‌ထောင်စုဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ ဝန်ထမ်းအဖြစ်က ထုတ်ပယ်လိုက်တဲ့ ရွေးကော် အရာရှိတွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ကိုက်ညီမှုမရှိခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကန့်ကွက်၊ငြင်းပယ်တာမရှိဘဲ…

ကမ္ဘောဒီးယားမှာ ကျင်းပနေတဲ့ အာဆီယံဆွေးနွေးပွဲမှာ မြန်မာ့အရေးဦးတည်ဆွေးနွေး

ဖနွမ်ပင်၊ ဖေဖော်ဝါရီ ၁၇ မြန်မာနိုင်ငံမှာ ပြန်လည်တည်ငြိမ်မှုရရှိရေးအတွက် သဘောထားကွဲလွဲနေတဲ့ အာဆီယံအစုအဖွဲ့ရဲ့ နိုင်ငံခြား ရေးဝန်ကြီးများပါဝင်တဲ့ ဆွေးနွေးပွဲတရပ်ကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့မှာ ဒီကနေ့ ကြာသပတေးနေ့မှာ ကျင်းပခဲ့ပါတယ်။ ယင်းအစည်းအဝေးသို့ မြန်မာစစ်ခေါင်းဆောင်ဘက်မှ တက်ရောက်နိုင်ခွင့်ကို တားမြစ်ခဲ့သည့်အတွက် မြန်မာ စစ်ခေါင်းဆောင်ဘက်မှ မတက်ရောက်ခဲ့ပေ။ အာဆီယံအနေနဲ့ ယခင်နှစ်က အစုအဖွဲ့အတွင်း သဘောတူထားခဲ့သော ငြိမ်းချမ်းရေးအစီအမံများကို ဆောင် ရွက်ဖို့ ပျက်ကွက်ခဲ့တာကြောင့်…

ငါးတစ်ကောင်လောက်ပင် တန်ဖိုးထားမခံရတော့တဲ့ စစ်ကောင်စီ လေတပ်က လေယာဉ်မှူး

စစ်တက္ကသိုလ်ဆင်းတွေဟာ ငါးတစ်ကောင်လောက်ပင် တန်ဖိုးမရှိတော့ကြောင်း ပြည်သူများက သဘောထားမှတ်ချက်ပြုနေကြသည်။ စစ်တက္ကသိုလ် အပါတ်စဉ် ( ၅၁) မှ ဗိုလ်ကြီးသေဆုံးမှုတွင် “ သေသွားတဲ့သူထက် အင်းထဲကငါးတွေကို ပိုနှမျောမိတယ်” ဟုပင် ပြည်သူများက လှောင်ပြောင်သရော်ကြသည်။ နိုင်ငံတော်အတွက် လေယာဉ်မှူးတစ်ဦးကို ပြုစုပျိုးထောင်ရသည်မှာ မလွယ်ကူပေ။ အချိန်များစွာကုန်၏။ အခွန်အခများစွာကိုလည်း သုံးရပြန်၏။ ပုံမှန်အားဖြင့်ဆိုလျင် လေယာဉ်မှူးတစ်ဦးသေဆုံးသည်မှာ ဝမ်းနည်းစရာဆုံးရှုံးမှုတစ်ခုဖြစ်သည်။ သို့သော် ယခုကာလတွင်…

တိုင်းရင်းသားလူမျိုးစု အပါအဝင် ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်ကြဖို့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ တိုက်တွန်း

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၇) မွန်လူမျိုးတွေရဲ့ ရည်မှန်းချက်အောင်မြင်နိုင်ဖို့အတွက် တိုင်းရင်းသားလူမျိုးစုတွေ အပါဝင် အာဏာရှင်ကို ဆန့်ကျင်နေတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းပြီး မွန်တစ်မျိုးသားလုံး စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ကြဖို့ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌနိုင်ဟံသာက တိုက်တွန်းလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ မွန်ပြည်သစ်ပါတီ…

လေးကေကော်မှာ တိုက်ပွဲ ပြန်ဖြစ်၊စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်လာ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၇) လေးကေကော်ဒေသမှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်တို့အကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် လေကြောင်းနဲ့တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ လေးကေကော်ဒေသထဲမှာရှိတဲ့ ဖလူးကျေးရွာမှာ မနေ့ကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး မင်းလက်ပံနဲ့ ဖလူးမှာတိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာပါ။ ဖေဖော်ဝါရီ…

မတ်လမှစတင်ပြီး ဗီယက်နမ်နိုင်ငံသို့ ခရီးသွားဧည့်သည် ဝင်ခွင့် ပြန်လည်ဖွင့်လှစ်မည်

ဟနွိုင်း၊ ဖေဖော်ဝါရီ ၁၇ ဗီယက်နမ်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ နိုင်ငံခြားသားခရီးသွားဧည်သည့်များအတွက် အပြည့်အဝ ပြန်လည်ဖွင့်လှစ်ရေး အစီအစဥ်တရပ်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အဆိုပြုခဲ့ပြီး ခရီးသွားကန့် သတ်ချက်များ အားလုံးနီးပါးကို စီစဥ်ထားသည့်ထက် ၃ လစောလျင်စွာဖြင့် မတ်လ ၁၅ ရက်နေ့မှ စတင်၍ ဖြေလျှော့ပေးသွားမည်ဖြစ်သည်။ ထိုအဆိုပြုလွှာကို ဝန်ကြီးချုပ်အတည်ပြုနိုင်ရန်အတွက် တင်ပြသွားမည်ဖြစ်ပြီး ထိုင်းနှင့် ဖိလစ်ပိုင် ကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများအတိုင်း…