နယူးယောက်၊ ဖေဖော်ဝါရီ ၂၇
ယူကရိန်းအပေါ် ရုရှား၏ “ကျူးကျော်မှု” အား အပြင်းထန်ဆုံး ရှုတ်ချသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံး ဖြတ်ချက်ကို ရုရှားက ရှုတ်ချခဲ့ပြီး ဗီတိုအာဏာဖြင့် ပယ်ချလိုက်ပါတယ်။
ယင်းအဆိုကို ၁၅ ဦးပါဝင်တဲ့ အဖွဲ့ဝင်ကောင်စီ၏ ၁၁ ဦးက အမေရိကန်နှင့် အယ်လ်ဘေးနီးယားတို့နဲ့အတူ ပူးတွဲရေးသားခဲ့ပြီး တရုတ်၊ အိန္ဒိယနှင့် ယူအေအီးတို့က ကြားနေခဲ့ပါတယ်။
ကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်ဖြစ်သည့် မော်စကိုကတော့ ဗီတိုအာဏာဖြင့် ပယ်ချလိုက်တာကြောင့် ထိုဆုံးဖြတ် ချက်ကြီး ပျက်ပြယ်သွားခဲ့ပါတယ်။
အဆိုပါဆွေးနွေးပွဲတွင် အဖွဲ့ဝင်နိုင်ငံများအား သမ္မတဗလာဒီမာပူတင်၏ အိမ်နီးချင်းအပေါ် ပြင်းထန်စွာ ထိုးစစ် ဆင်သည့် လုပ်ရပ်အပေါ် ရှုတ်ချခြင်းကို ခွင့်ပြုပေးခဲ့သည်။
“တစ်ခုလောက်ရှင်းရှင်းလင်းလင်းပြောပါရစေ ရုရှားအနေနဲ့ ဒီဆုံးဖြတ်ချက်ကို ဗီတိုအာဏာသုံးပြီး ပယ်ချနိုင်ပေမဲ့ ငါတို့ရဲ့အသံကို ဗီတိုအာဏာသုံးပြီးပယ်ချမရဘူး၊ အမှန်တရားကို ဗီတိုအာဏာသုံးပြီးပယ်ချမရဘူး၊ ၊ ငါတို့ရဲ့ စည်းမျဉ်းမူဘောင်တွေကို ဗီတိုအာဏာသုံးပြီးပယ်ချမရဘူး၊ ၊ ယူကရိန်းပြည်သူတွေကို ဗီတိုအာဏာသုံးပြီး ပယ်ချမရဘူး၊ ” ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါသောမတ်စ်ဂရင်းဖီး စ်Linda Thomas-Greenfield က မဲခွဲဆုံးဖြတ်ပြီးနောက် ပြောကြားခဲ့ပါတယ်။
“ပြင်းထန်စွာရှုံ့ချသည်” ဟူသော စကားလုံးကို “ရှုံ့ချသည်” ဖြင့် အစားထိုးခဲ့ပါတယ်။
ငြိမ်းချမ်းရေးကို ပြန်လည်ထူထောင်ရန်အတွက် အဖွဲ့ဝင်များအား စစ်ရေးအရ အရေးယူဆောင်ရွက်ခွင့်ပြုသည့် ကုလသမဂ္ဂပဋိညာဉ်စာတမ်း အခန်း ၇ အား ရည်ညွှန်းခြင်းကိုလည်း ပယ်ဖျက်ခဲ့ရပါတယ်။
အဆိုပါ ဆုံးဖြတ်ချက်သည် ယူကရိန်း၏ အချုပ်အခြာအာဏာကို ထပ်မံအတည်ပြုခဲ့ပြီး ယူကရိန်းအပေါ် ၎င်း၏ အင်အားအသုံးပြုမှုကို ချက်ချင်းရပ်တန့်ရန် ရုရှားထံ တောင်းဆိုခဲ့ပါတယ်။ နိုင်ငံပေါင်း ၇၀ နီးပါးက အဆိုပါ ဆုံးဖြတ်ချက်ကို ပူးတွဲပံ့ပိုးခဲ့ပါတယ်။
“အမှားမလုပ်မိပါစေနဲ့၊ ရုရှားကို အားလုံးက ပယ်ထုတ်ထားကြတယ်။ ယူကရိန်းကို ကျူးကျော်ဖို့ ဘယ်သူမှ ထောက်ပံ့ပေးမှာ မဟုတ်ဘူး” ဟု ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဘာဘရာဝုဒ်ဝဒ်က ပြောကြားခဲ့ ပါတယ်။
မဲမပေးခင်မှာ သောမတ်စ်ဂရင်းဖီးစ် Thomas-Greenfield က ရုရှားရဲ့ တိုက်ခိုက်မှုကို “ငါတို့သိထားသလိုပဲ ငါတို့ရဲ့ နိုင်ငံတကာစနစ်ကို ခြိမ်းခြောက်နေတဲ့အတွက် အရမ်းရဲတင်းလွန်းတယ်လို့ ဖော်ပြခဲ့တယ်။
“ရေရှည်ကို မတွေးပါနဲ့အုံး။ အနည်းဆုံးတော့ ကန့်ကွက်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်” ဟု သူမက ဆိုသည်။
“ရုရှားရဲ့ လုပ်ရပ်တွေအတွက် ထည့်သွင်းစဉ်းစားသင့်တယ်လို့ ယုံကြည်ရင် ဟုတ်ကဲ့ မဲပေးပါ။ ပဋိဉာဉ်ကို ထောက်ခံပြီး ရုရှားရဲ့ ရန်လိုတဲ့လုပ်ရပ်တွေနဲ့ ကိုက်ညီရင်မဲမပေးဘဲ သို့မဟုတ် ကြားနေပါ။
လက်ရှိ အလှည့်ကျ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ရုရှားနိုင်ငံသည် အဖွဲ့ဝင် ၁၉၃ နိုင်ငံလုံးမှ ဖွဲ့စည်းထားသည့် ပိုမိုကျယ်ပြန့်သော ကုလသမဂ္ဂ အထွေထွေညီလာခံ မတိုင်မီ အလားတူ ဆုံးဖြတ်ချက်အပေါ် နောက်ထပ် မဲခွဲဆုံးဖြတ်ရဖွယ်ရှိနေပါတယ်။
ဘာသာပြန် – အာသစ်
Ref: Bangkok Post