ကန်ချနဘူရီ၊ ဖေဖော်ဝါရီ ၁၄

ထိုင်းနိုင်ငံအနောက်ဘက်နယ်စပ်ကနေတဆင့် ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၄၂ ဦးကို ပြီးခဲ့တဲ့ စနေ့၊ တနင်္ဂနွေနေ့တွေမှာ နယ်စပ်စောင့်ကြည့်ရေးတပ်တွေက ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အဖွဲ့ (၈)ဖွဲ့ခွဲကာ ဝင်ရောက်လာတာဖြစ်ပြီး နေရာ(၄)ခုမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေအထဲမှာတော့ အမျိုးသား ၉၁ ဦးနှင့် အမျိုးသမီး ၅၁ ဦးပါဝင်ပြီး နယ်စပ်ဖြတ်ကျော်မှုကို ကူညီခဲ့တဲ့ ထိုင်းနိုင်ငံသားလမ်းပြ ၁၁ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနှင့် ရခိုင်စသည့် နေရာအသီးသီးမှ ဖြစ်ကြပြီး စမွတ်ဆာခေါင်၊ ရယောင်၊ ကန်ချနဘူရီနှင့် ဘန်ကောက်အတွင်း အလုပ်လုပ်ကိုင်ဖို့ ခိုးဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ အကျိုးဆောင် ပွဲစားတွေကို တစ်ဦးအတွက် ဘတ်ငွေ ၁၅၀၀၀ မှ ၂၀၀၀၀ အထိပေးဆောင်ခဲ့ရပြီး အခြားသောသူတွေမှာလည်း သွားလို့သည့် နေရာသို့ ရောက်မှ ပေးချေရ တယ်လို့ သိရပါတယ်။

ထိုင်းစစ်တပ်ရဲ့ ဆူရာဆီ တပ်ဖွဲ့က တာဝန်ကျကင်းလှည့်များမှ ယင်းတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဆန်ခရဘူရီ၊ ဆိုင်ယုက်နှင့် ခရိုင်မြို့တော်ရှိ ရဲတပ်ဖွဲ့တွေထံ ဥပဒေကြောင်းအရ လုပ်ဆောင်ဖို့နဲ့ ပြည်နှင်ဒဏ်ပေးနိုင်ဖို့အတွက် ဆက်လက်လွှဲပြောင်းသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ရောက်ရှိနိုင်ရန်အတွက် ကူညီပေးတဲ့ ထိုင်းနိုင်ငံ သား လမ်းပြတွေကိုတော့ ရုံးတင်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.