February 14, 2022

ထိုင်းတောင်ပိုင်းနယ်စပ်ဂိတ်ရှေ့လတွင် ဖွင့်မည်

ဆုန်ခလာ၊ ဖေဖော်ဝါရီ ၁၄ ထိုင်း-မလေးရှားနယ်စပ်ဂိတ်ကို ရှေ့လမှာ ပြန်လည်ဖွင့်လှစ်ရန် ထိုင်းအစိုးရမှ စီစဉ်နေပြီး ထိုင်းတောင်ပိုင်းဒေသရဲ့ ခရီးသွားလာမှုနှင့် စီးပွားရေးမြှင့်တင်မှုအတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အစိုးရလက်ထောက်ပြောခွင့်ရ မစ္စရတ်ချဒါကတော့ ဝန်ကြီးချုပ်မှ ကိုဗစ်၁၉ ထိန်းချုပ်ရေးဗဟိုစင်တာသို့ ညွှန်ကြားချက်ပေးခဲ့ပြီဖြစ်ကြောင်းနှင့် ခရီးသွားလာရေးနှင့် အားကစားအရေးပေါ်ဆောင်ရွက်ရေးစင်တာသို့လည်း ထိုင်းတောင်ပိုင်းဒေသများဖြစ်သော ဆုန်ခလာ၊ ရာလာ၊ နရတ်ထီဝတ်နှင့် ဆာတွန်တွေမှာ စစ်ဆေးရေးဂိတ်တွေကို ဖွင့်လှစ်ဖို့အတွက် သတ်မှတ်ချက်ထားရှိဖို့လည်း ညွှန်ကြားခဲ့တယ်လို့ဆိုပါတယ်။…