ဖနွမ်ပင်၊ ဖေဖော်ဝါရီ ၈
ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်သူ မစ္စတာရှောင်တာနယ်လွတ်မြောက်ရေးအတွက် ကူညီပေးခဲ့သည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြောဆိုချက်မှာ မရည်ရွယ်သော အမှားတခုဖြစ်ခဲ့ပြီး မြန်မာစစ်တပ်က ပြန်လွှတ်ပေးခဲ့ခြင်းမရှိခဲ့ပေ။
အာဆီယံ ဥက္ကဌ ဖြစ်သူ မစ္စတာ ဟွန်ဆန်က သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး၏ တောင်းဆိုချက် ကြောင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရှောင်တာနယ်အား သွားခွင့်ပြုရန် ပြောဆိုပေးခဲ့ပြီး နောက်တွင် အဆိုပါပုဂ္ဂိုလ်လွတ်မြောက်လာခဲ့သည်ဟု အစောပိုင်းတွင် ပြောကြားခဲ့သည်။
“တကယ်တမ်းတွင် ဩစတြေးလျနိုင်ငံသားမစ္စတာရှောင်တာနယ် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းမရှိ ပါ။ “ကျွန်ုပ်က သတင်းအချက်အလက်အမှားတွေ ရရှိခြင်းကြောင့်သာ ထိုကဲ့သို့ ရှုပ်ထွေးရခြင်းဖြစ်ပါ တယ်။ မရည်ရွယ်သော အမှားတစ်ခုအတွက် ကျေးဇူးပြု၍ ကျွန်ုပ်ကို ခွင့်လွှတ်ပေးပါ” ”ဟူ၍ မစ္စတာ ဟွန်ဆန်က တနင်္လာနေ့ နှောင်းပိုင်းတွင် ယင်း၏ Facebook စာမျက်နှာ၌ ရေးသားခဲ့သည်။
မြန်မာစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက BBC မြန်မာပိုင်းသို့ ပြောကြားချက်တွင် ရှောင် တာနယ်ကို ပြန်လွှတ်ပေးရန် အစီအစဥ်များ မရှိသေးပါဟု ပါရှိသည်။
ရှောင်တာနယ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုကလည်း “သူလွတ်မြောက်လာရေးနှင့် ပတ်သက်ပြီး သတင်းစကားမရှိသေးပါ”ဟု ရိုက်တာသို့ ပြောကြားခဲ့သည်။
လက်ရှိတွင် ဖမ်းဆီးခံ သြစတေးလျနိုင်ငံသားရှောင်တာနယ်မှာ ကြားနာစစ်ဆေးမှုမစတင်ရသေးပေ။
မြန်မာစစ်တပ်၏ အုပ်ချုပ်မှုကို တရားဝင်ဖြစ်အောင် လုပ်ဆောင်လာနိုင်သည့် အခြေအနေအပေါ် အာဆီယံအနေဖြင့် စိုးရိမ်နေသော်လည်း မစ္စတာဟွန်ဆန်သည် မြန်မာစစ်ဗိုလ်ချုပ်များနှင့် စေ့စပ်ရေးကို ကြိုးပမ်းခဲ့သည်။
ဘာသာပြန် – အောင်မျိုးမြတ်
Ref: The Straits Times