သံဖြူဇရပ်၊ ဖေဖော်ဝါရီ ၉

သံဖြူဇရပ်မြို့နယ်၊ကျိုက္ခမီမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းက ဆရာမတွေအပါအဝင် ကျောင်းသား/သူ အယောက် ၄၀ ကျော်မှာ ကိုဗစ်ရောဂါပိုး အစုအလိုက်အပြုံအလိုက် ရောဂါကူးစက်ခံလိုက်ရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့က ကျောင်းသား တစ်ဦးမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရပြီးနောက် ဆရာ၊ဆရာမတွေ၊ ကျောင်းသူ၊ကျောင်းသားတွေမှာ ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးကြည့်ရာမှာတော့ ရောဂါပိုး ကူးစက်ခံရသူအယောက် ၄၀ ထိရှိခဲ့တာပါ။
ဒီကနေ့ ဖေဖော်ဝါရီမှာ ၈ ရက်နေ့မှာ ကျန်ရှိတဲ့ ဆရာ၊ဆရာမတွေ၊ ကျောင်းသူ၊ကျောင်းသားတွေ အပါအဝင် ကျောင်းသားမိဘ ၂၀၀ ကျော်ကို ရောဂါပိုး ရှိ မရှိ ထပ်မံ စစ်ဆေးနေတာ ဖြစ်ပြီး လက်ရှိအချိန်ထိ ရောဂါပိုး ရှိ/မရှိ မသိရသေးပါဘူး။

ရောဂါပိုး တွေ့ရှိခဲ့တဲ့ ဆရာ/ဆရာမတွေနဲ့ ကျောင်းသူ/သားတွေကို အခြေခံပညာအထက်တန်းကျောင်းမှာ ကွာရန်းတင်းထားရှိပြီး အထက်တန်းကျောင်းကိုလည်း ယာယီကျောင်းပိတ်ထားပါတယ်။

ရောဂါပိုးတွေ့ရှိခဲ့တဲ့ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသူ၊ကျောင်းသားတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်ကပ်ရောဂါ မျိုးကွဲဖြစ်တဲ့ အိုမီခရွမ် ကူးစက်တာခံရတာ ဟုတ်/မဟုတ်ကိုတော့ ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးနေတာပါ။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က အထက်တန်းပြကျောင်းဆရာမ ကနေတဆင့် ကျောင်းသားကျောင်းသူနဲ့ မိသားစုဝင် အပါအဝင် စုစုပေါင်း ၁၀ ဦး ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်
ဓါတ်ပုံ – စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.