ဘန်ကောက်၊ ဖေဖော်ဝါရီ ၇

ကမ္ဘောဒီးယားနိုင်ငံမှ လာရောက်မည့် အာဆီယံ အထူးကိုယ်စားလှယ်၏ ခရီးစဥ်တွင် အဖယ်ရှားခံ အာဏာရပါတီမှ အဖွဲ့ဝင်များနှင့်တွေဆုံရေးအတွက် မြန်မာစစ်ခေါင်းဆောင်က သဘောတူထားပြီးဖြစ် သည်ဟု ကမ္ဘောဒီးယားအကြီးတန်းအရာရှိတစ်ဦးက ဖေဖော်ဝါရီ  ၇ ရက်နေ့ တနင်္လာနေ့တွင် ပြောကြား ခဲ့သည်။ 

ဇန်နဝါရီလ ၆ ရက်‌‌နေ့၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဗီဒီယိုခေါ်ဆိုမှုတွင် ပြုလုပ်ခဲ့သော ထိုကတိစကားသည် ယမန်နှစ်အတွင်း မြန်မာစစ်တပ်သည် ရွေးကောက်ခံအစိုးရဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ထံမှ အာဏာသိမ်းယူလိုက်ချိန်ကတည်းက တစ်ဆို့လာခဲ့သော ငြိမ်းချမ်းရေးဖြစ်စဥ် တွင်းက အသေးစား လိုက်လျောချက်တစ်ခုဖြစ်ပေသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် NLD ပါတီ၏ မည်သည့်အဖွဲ့ဝင် ဖြစ်နိုင်မည်ကိုတော့ ထုတ်ဖော်သတ်မှတ်ခဲ့ခြင်းမရှိဟု ထိုဗီဒီယို ခေါ်ဆိုမှုတွင် ပါဝင်ခဲ့‌သော မစ္စတာ ဟွန်ဆန်၏ ရုံးအဖွဲ့မှ ဝန်ကြီး မစ္စတာ ကိုကမ်းဖွန် က ပြောကြားခဲ့သည်။ 

အဆိုပါပုဂ္ဂိုလ်၏ ရိုက်တာသတင်းဌာနသို့ တယ်လီဖုန်းဖြင့် ဖြေကြားချက်တွင် “ဝန်ကြီးချုပ်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အကြား‌တွေ့ဆုံသော ဗီဒီယို ကွန်ဖရန့်အစည်းအဝေးမှာ ပြောဖြစ်ကြ တာကတော့ သူတို့အနေနဲ့ NLD ရဲ့ အချို့သော ပုဂ္ဂိုလ်တွေဆီ တွေ့ဆုံလက်လှမ်းမီနိုင်ရေးကိုတော့ ပံ့ပိုးပေးမယ်။ ဒါပေမယ့် ဘယ်သူဘယ်ဝါဖြစ်မယ်ဆိုတာကိုတော့ ကျွန်ုပ်တို့လည်း မသိရ‌သေးပါဘူး”ဟု ပါရှိသည်။ 

မြန်မာစစ်ခေါင်းဆောင်၏ ပြောရေးဆိုခွင့်ရှိသူကို မှတ်ချက်တစုံတရာပြုနိုင်ရန်အတွက် ခေါ်ဆိုရာတွင် ဖြေကြားခဲ့ခြင်းမရှိပါ။   

မြန်မာ့အခက်အခဲများအတွက် အစုအဖွဲ့များအားလုံးပါဝင်ပြီး တွေ့ဆုံဆွေးနွေးရေးသည် ယမန်နှစ် အတွင်း ဆယ်နိုင်ငံမှ သဘောတူထားသော အာဆီယံငြိမ်းချမ်းရေးဖြစ်စဥ်၏ အဓိက အစိတ် အပိုင်းဖြစ် သည်။ ထို့အပြင်အခြားသော အချက်များမှာ အကြမ်းဖက်မှုများကို အဆုံးသတ်ရေး နှင့် အာဆီယံ ကိုယ်စားလှယ်ကို ကြိုဆိုရေးတို့ဖြစ်သည်။   

အထူးကိုယ်စားလှယ်ဖြစ်သည့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆူခွန် ၏ ရှေ့ ပြေးခရီးစဥ် တွင် အာဏာသိမ်းစဥ်က ထိန်းသိမ်းခံထားသည့် ‌ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်မှာ ဖြစ်နိုင်ချေ နည်းပါးပြီး ထိုအခြေအနေသည် (မြန်မာစစ်တပ်ဘက်မှချမှတ်မည့်) ပြစ်မှုပုဒ်မအမျိုးမျိုးဖြင့် ထောင် ဒဏ် နှစ်ပေါင်း ၁၅၀ ထိ ကျခံရနိုင်သည်ဟု မစ္စတာ ကိုကမ်းဖွန် က ပြောကြားခဲ့သည်။ 

“စိတ်ကူးနဲ့ ဦးတည်ချက်ကတော့ သက်ဆိုင်သော၊ အရေးကြီးသော ပါဝင်ဖက်အကုန်လုံးနဲ့ တွေ့ဖို့ပါပဲ။ ဒါပေမယ့် အဲ့ဒါက‌တစ်ကြိမ်တည်းနဲ့ မဖြစ်နိုင်သလို အလည်အပတ်ခရီးစဥ်များရဲ့ အကြိမ်အရေအတွက် တွေနောက်မှာ ဖြစ်လာနိုင်ပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်သာ ပါဝင်မယ်ဆိုရင် အဲ့ဒါက အတော်ကို ကောင်းတာပေ့ါ‌” ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။  

ဖေဖော်ဝါရီ ၁ ရက်‌နေ့ အာဏာသိမ်းစဥ်ကတည်းက NLD ပါတီဝင်များကို ဒါဇင်နဲ့ချီ ဖမ်းဆီးထိန်းသိမ်း ထားပြီးဖြစ်သည်။ 

အဖယ်ရှားခံရသော်ငြား (နိုင်ငံရေး) ဦး‌ဆောင်မှုတွင် ရှိနေသေးသည့် NLD ပါတီမှ ပြော‌ရေးဆိုခွင့်ရှိသူ နေဘုန်းလတ် ၏ ပြောကြားချက်တွင် “အာဆီယံကိုယ်စားလှယ်နှင့် မည်သည့်တွေ့ဆုံမှုကို ပါတီရဲ့ သဘောတူညီမှုအတိုင်း ဖြစ်သင့်ပါတယ်”ဟု ပါရှိသည်။ 

နောက်သီတင်းပတ်တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံကို ဖိတ်ကြားရလောက်သည်အထိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကတိစကားမှာ ကမ္ဘောဒီးယား အတွက် လုံလောက်မှုမရှိခဲ့ပါ။ 

‌ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.