February 8, 2022

ပြောင်းတင်ပို့သူတွေ ကုန်ကျစရိတ် ကြီးမြင့်မှုကို ရင်ဆိုင်နေရ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၈ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်က ထွက်ရှိတဲ့ ပြောင်းတွေကို ထိုင်းနိုင်ငံနယ်စပ်မှ တဆင့် တရုတ်နိုင်ငံကို တင်ပို့ရတဲ့ အတွက်ကြောင့် ကုန်ကျစရိတ်ကြီးမြင့်မှုကို ရင်ဆိုင်နေရတယ်လို့ ပြောင်းကုန်သည်တွေက ပြောပါတယ်။ ပြောင်းတင်ပို့သူတွေဟာ တရုတ် နယ်စပ်ဂိတ်တွေ အားလုံးနီးပါးပိတ်ထားတဲ့အတွက်ကြောင့် ထိုင်းနိုင်ငံမှ တဆင့် တရုတ်နိုင်ငံကို တင်သွင်းနေရပြီး အခုအခါ စက်သုံးဆီအပါအဝင် အထွေထွေကုန်စရိတ်ကြီးမြင့်မှုကို ရင်ဆိုင်နေတာပါ။ လက်ရှိမှာတော့…

အာဏာသိမ်း စစ်တပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးစရာ မရှိဘူးလို့ KNU တုံ့ပြန်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၈) ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုဘဲ စစ်တပ်က အာဏာသိမ်းလိုက်တာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားလုံးကို ချိုးဖောက်လိုက်တဲ့အတွက်ကြောင့် အာဏာသိမ်း စစ်တပ်နဲ့ ငြိမ်းချမ်းရေး အကြောင်းအရာ ဆွေးနွေးစရာ လုံးဝ မရှိဘူးလို့ KNU က တုန့်ပြန် ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်ကြောင်းနဲ့ ဆွေးနွေးမယ့်အကြောင်းအရာကို…

ဘားအံမှာ BGF စခန်းပြင်ဖို့အတွက် တစ်အိမ် သစ် ၃ လုံးပေးဖို့ အဓမ္မတောင်းခံနေ

ဘားအံ၊ ဖေဖေါ်ဝါရီ ၈ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ညောင်ကုန်းကျေးရွာအနီးရှိ BGF ဂိတ်စခန်း တိုက်ခိုက်ခံရပြီး ပျက်စီးသွားတာကြောင့် ပြန်လည်ပြုပြင်ဖို့ ဒေသခံတွေဆီက တစ်အိမ်ကို သစ် ၃ လုံးပေးဖို့ အတင်းအဓမ္မ တောင်းခံမှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ မနက်ပိုင်းမှာ ညောင်ကုန်းရွာဒေသခံတွေကို ညောင်ကုန်းရွာရှိ အမှတ်(၁၀၁၄)BGF၊ စစ်ကောင်စီပူးပေါင်းတပ်စခန်းကို ခေါ်ယူကာ အစည်းအဝေးပြုလုပ်ပြီး…

အာဆီယံကိုယ်စားလှယ်အနေဖြင့် NLD ပါတီဝင်များကို တွေ့ဆုံနိုင်ကြောင်း မြန်မာစစ်ခေါင်းဆောင် ထုတ်ဖော်ပြောကြားဟုဆို

ဘန်ကောက်၊ ဖေဖော်ဝါရီ ၇ ကမ္ဘောဒီးယားနိုင်ငံမှ လာရောက်မည့် အာဆီယံ အထူးကိုယ်စားလှယ်၏ ခရီးစဥ်တွင် အဖယ်ရှားခံ အာဏာရပါတီမှ အဖွဲ့ဝင်များနှင့်တွေဆုံရေးအတွက် မြန်မာစစ်ခေါင်းဆောင်က သဘောတူထားပြီးဖြစ် သည်ဟု ကမ္ဘောဒီးယားအကြီးတန်းအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၇ ရက်နေ့ တနင်္လာနေ့တွင် ပြောကြား ခဲ့သည်။ ဇန်နဝါရီလ ၆ ရက်‌‌နေ့၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဗီဒီယိုခေါ်ဆိုမှုတွင် ပြုလုပ်ခဲ့သော ထိုကတိစကားသည် ယမန်နှစ်အတွင်း…