ဘန်ကောက်၊ ဖေဖော်ဝါရီ ၇

ကာကွယ်ဆေးထိုးနှံမှု ကျဆင်းလျက်ရှိသော ကလေးသူငယ်များအကြား  ဗိုင်းရပ်စ်ပျံ့ပွားမှုဆက်လက်ဖြစ်ပေါ်လာခြင်း ကြောင့် ယင်းအသက်အရွယ်အုပ်စုများအတွက် ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံမှုများကို အရှိန်အဟုန်မြင့်ဆောင်ရွက်ရန် ပြည်သူ့ကျန်းမာရေး အာဏာပိုင်များကို ထိုင်းဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။ 

ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ထနာကွန် ဝန်ဘွန်ကွန်ချာနာ၏ တနင်္ဂ‌နွေနေ့ပြောကြားချက်တွင် ဝန်ကြီးချုပ်သည် အသက် ၅ နှစ်မှ ၁၁ နှစ်အကြား ကလေးသူငယ်အသက်အရွယ်အုပ်စုများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားမှုနှုန်းများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုရှိနေခဲ့သည်ဟု ပါရှိသည်။ 

ယမန်နှစ် ဧပြီလမှ ဒီဇင်ဘာလအထိ အဆိုပါအသက်အရွယ်အကြားကူးစက်မှုတွင် ၁၂၃,၄၀၃ ဦးရှိ၍ ပျမ်းမျှအားဖြင့် တစ်လ လျှင် ကူးစက်မှုနှုန်း ၁၃,၇၁၁ အထိရှိကာ ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်းမှာ ၁၀,၂၆၆ ဦးအထိရှိသည်ဟု အစိုးရ အိမ်တော် ကိန်းဂဏန်းများအရ သိရသည်။ 

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသည် ဇန်နဝါရီလ ၃၁ ရက်နေ့မှ စတင်၍ အသက် ၅ နှစ်အရွယ်မှ အသက် ၁၁ နှစ်အထိ ကလေးသူငယ်များကို အခမဲ့ထိုးနှံပေးလျှက်ရှိပြီး ကလေးသူငယ်များအတွက် ဒုတိယ ကာကွယ်ဆေးထိုးနှံခြင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် သတ်မှတ်ထားရှိသည်။  

အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၏ ဖြည့်စွက်ပြောကြားချက်အရ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ကာကွယ်ဆေးကို အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးမှ အတည်ပြုပြီးနောက် အသက် ၆ နှစ်အရွယ်နှင့် အထက် ကလေးသူငယ်များကို များ မကြာမီတွင် Sinovac သို့မဟုတ် Sinopharm ကာကွယ်ဆေးများကို လည်း ထိုးနှံ‌ပေးသွားမည်ဖြစ်သည်။ 

ထိုင်းနိုင်ငံအတွင်း အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ် ကလေးသူငယ် စုစုပေါင်းအရေအတွက်မှာ ၅ မီလီယမ် ခန့်ရှိပြီး ၎င်းတို့ အနက် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံထားနိုင်သည့် အ‌ရေအတွက်မှာ ၄၁၀၀၀ ဦး သို့မဟုတ် ၀.၈ ရာခိုင်နှုန်းသာ ရှိသေး သည်ဟု ဝန်ကြီးဌာန၏ စနေနေ့ အထိ ကောက်ခံရရှိသော အချက်အလက်များအရ သိရသည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.