စိန်ခေါ်မှုတွေကြားက ပြန်လည်ရုန်းထွက်လာတဲ့ ကော်သူးလေပညာရေး
ဒူးပလာယာ – ၂၀၂၂ ဇန်နဝါရီ (မော်ကွန်း) နေရောင်ခြည်တိုးမပေါက်လောက်အောင် သစ်ပင်တွေအုံ့ဆိုင်းနေတဲ့တောလမ်းလေးထဲမှာ တချို့က အဖြူနဲ့အစိမ်း၊ တချို့ကအဖြူနဲ့အပြာ၊ တချို့က ကရင်ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားကြတဲ့ လွယ်အိတ်ကိုယ်စီနဲ့ကလေးငယ်တွေဟာ အချင်းချင်းစနောက်ပြေးလွှားကစားရင်း စာသင်ကျောင်းဆီ ဦးတည်သွားနေကြတယ်။ ကျောင်းတက်ခေါင်းလောင်းထိုးတဲ့အခါမှာတော့ ဘောလုံးကွင်းတစ်ကွင်းစာကျယ်တဲ့ ကျောင်းရှေ့မျက်နှာစာမှာ တလူလူလွှင့်ထူထားတဲ့ ကရင့်အလံကို ဆရာတွေနဲ့ကျောင်းသားတွေဟာ တန်းစီအလေးပြုကြတယ်။ အဲဒီနောက်မှာတော့ ကော်သူးလေနိုင်ငံတော်သီချင်းကို စကောကရင်ဘာသာစကားနဲ့ ရွတ်ဆိုကြပါတော့တယ်။ ဒါဟာ ကရင်အမျိုးသားအစည်းအရုံး…