လောင်းလုံ၊ ဖေဖေါ်ဝါရီ ၆

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်က တစ်ပတ်ကြာပျောက်ဆုံးနေတဲ့ ဒေသခံ ၃ ဦးကို ညင်းမော်ကျေးရွာအနီးမှာ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ နေ့လည်ပိုင်းက အလောင်းသာပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျောက်ဆုံးနေသူ ၃ ဦးက စပ်ပြဲကျေးရွာနဲ့လေးသွန်းခံကျေးရွာက အမျိုသား ၃ ဦးဖြစ်ပါတယ်။

အဆိုပါ အမျိုးသား ၃ ဦးမှာ သတ်ဖြတ်ခံရပြီးနောက် အလောင်းကို မြှပ်နှံခံထားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သေဆုံးသွားတဲ့ အမျိုးသား ၃ ဦးမပျောက်ဆုံးခင်ရက်က ကျေးရွာတွေကို ပျူ စောထီးအဖွဲ့တွေ ဝင်ရောက်သောင်းကျန်းပြီးနောက် သေဆုံးသူအမျိုးသား ၃ ဦးကို မတွေ့ရတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

“ရွာက လူတစ်ယောက်က သူတို့ကိုမြုပ်ထားတဲ့ ဆီအုန်းခြံနားက ဖြစ်သွားတာ။ ပုတ်နံ့ရတယ်ဆိုပြီး မြေတူးထားတဲ့နေရာကို ဆွကြည့်တာ့ သူတို့အလောင်းတွေကို တွေ့ရလို့ နာကူအဖွဲ့တွေနဲ့ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားရကာတဆင့် သတ်ဖြတ်ခံထားရတယ်ဆိုတာ သိရတာ။ သေဆုံးသူ ၃ ဦးက ရွာမှာ ဒီအတိုင်းအလုပ်မလုပ်ဘဲနေတဲ့သူမျိုးတွေဖြစ်တယ်”လို့ ဒေသခံတွေက သံလွင်တိုင်မ်းကိုပြောပါတယ်။

သေဆုံးသူတွေရဲ့ အလောင်းကို ဒေသခံတွေနဲ့နာရေးကူညီရေးအသင်းတွေက တူးဖော်ပြီး ကူညီသဂြိုလ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.