ပထုန်ဌာနီ၊ ဖေဖော်ဝါရီ ၅

ထိုင်းရဲတပ်ဖွဲ့၏ အကျင့်ပျက်ခြစားမှုဌာနခွဲ Counter Corruption Division (CCD) မှ ရဲတပ်ဖွဲ့ဝင်များသည် ပထုန်ဌာနီနှင့် ဆမုပရာကန်ခရိုင်များအတွင်းရှိ လောင်းကစားလုပ်ငန်းလုပ်ကိုင်နေသူများနေရာကို သောကြာ‌နေ့ညက ရုတ်တရက်ဝင်ရောက်ခဲ့ပြီး သံသယရှိသူ ၈၅ ဦးကို ဖမ်းဆီးရမိခဲ့သည်။

ပထုန်ဌာနီခရိုင်ဒေသန္တရ၊ လမ်ကုက ခရိုင်ခွဲ၊ ဆာမာဖာကရမ်လလမ်းမကြီးပေါ် တည်ရှိသည့် နာနာချရွန်ဈေး အတွင်းက မှတ်ပုံတင်ထားခြင်းမရှိသော အိမ်တစ်အိမ်ကို လောင်းကစားကွန်ရက်ဆိုင်ရာ နေရာတစ်ခုအဖြစ် စုံစမ်းလေ့လာသူများမှ ရှာဖွေသိရှိခဲ့ပြီးနောက် CCD အရာရှိ တွေက ဝင်ရောက်ရှာဖွေခဲ့သည်။

ဖြစ်စဉ်တွင် လူ၄၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အမျိုးသား၁၂ ဦးနှင့် အမျိုးသမီး ၃၀ ဦးတို့ဖြစ်ကြသည်။ 

ဘတ်ငွေ ၁၁၂၇၀၀၊ ပိုင်ဆိုင်မှုပစ္စည်းများနှင့် လောင်းကစားလုပ်ငန်းအတွက်အသုံးပြုသော ကိရိယာများကို ရဲတပ်ဖွဲ့မှ သိမ်းဆည်းခဲ့သည်။

ဆမုပရာကန်ခရိုင်ဒေသန္တရ၊ ဘန်ဆောင်ထောင်း ခရိုင်ခွဲရှိ နေအိမ်တစ်လုံးသို့ သက်ဆိုင်ရာမှ ဝင်ရောက်စီးနင်း ရာတွင် လောင်းကစားသမား ၄၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၂၆ ဦးတို့ ဖြစ်ကြသည်။ ထိုအမျိုးသမီးများအနက် ၃ ဦးမှာ တရားမဝင်ရွှေ့ပြောင်းလုပ်သားများဖြစ်ကြသည်။ 

ဆမုပရာကန်ဖြစ်စဥ်တွင် ထိုင်း ရဲတပ်ဖွဲ့ဝင်များက  ဘတ် ငွေသား ၄၉၃၀၀၊ လောင်းကြေးစလစ်စာရွက်များ၊ လုံခြုံရေးကင်မရာစနစ်နှင့် လောင်းကစားလုပ်ငန်းဆိုင်ရာ ပစ္စည်းကိရိယာများကို သိမ်းဆည်းခဲ့သည်။ 

ဖမ်းဆီးခံရသည့် သံသရှိသူများကို လောင်းကစားမှု၊ လူစုလူဝေးပြုလုပ်မှု စသည့် ပြစ်မှုများနှင့် ကနဦး အရေးယူထားခဲ့ပြီး တရားမဝင်ရွှေ့ပြောင်းများကိုမူ ဥပဒေ‌ကြောင်းအရ ဆက်လက်ဆောင်ရွက်နိုင်ရန်နှင့် ပြည်နှင်ဒဏ်ပေးနိုင်ရန်အတွက် လွှဲပြောင်းခဲ့သည်။ 

‌ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.