February 6, 2022

စီးပွားရေးကြပ်တည်းမှုထဲ ထပ်မံတွန်းပို့မဲ့ ဆိုက်ဘာဥပဒေမူကြမ်း

မြန်မာ့ဆိုရှယ်မီဒီယာပလက်ဖောင်းများကို ပိတ်ပင်တားမြစ်ပြီး အင်တာနက် privacy ထိခိုက်စေသောဥပဒေအားပြန်လည်အသက်သွင်း ရန် စစ်ကောင်စီကကြိုးပမ်းလျက်ရှိနေေသာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဝေဖန်လျက်ရှိနေသည်။ လူသိရှင်ကြားထုတ်ပြန်ထားခြင်းမရှိသော်လည်း Asia Times သို့ပေါက်ကြားလာသော တရားဝင်စာရွက်စာတမ်းတစ်ခုအရ Virtual Private Network (VPNs) ကို ရာဇဝတ်မှုဖြစ်စေသည့် ဆိုက်ဘာလုံခြုံရေးဥပဒေမူကြမ်းကိုအဆိုပြုကာ အွန်လိုင်းလောင်းကစားနှင့် Data localization လုပ်ပိုင်ခွင့်ကိုလည်း တားမြစ်ထားသည်။ ၎င်းဥပဒေမူကြမ်းတွင် ခွင့်ပြုချက်မရှိဘဲ VPN…

ဖာပွန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၆) ဖာပွန်ခရိုင် KNLA တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲမှာ အာဏာသိမ်းစစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၂၀ဦး ထက်မနည်း ဒဏ်ရာရှိခဲ့တယ်လို့ KNU မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။ အခုနှစ် ဇန်နဝါရီလမှ ဖေဖေါ်ဝါရီ ၅ ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီက KNLA တပ်မဟာ…

ခြိမ်းခြောက်မှုတွေ လုပ်နေတဲ့ Non CDM ဝန်ထမ်းတွေကို အရေးယူဖို့ NUG အစိုးရ ပြင်ဆင်နေ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၆) CDM ဝန်ထမ်းတွေကို ဖိအားပေးခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဌာနက Non CDM ဝန်ထမ်းတွေကို သက်သေအပြည့်အစုံနဲ့ တရားစွဲ အရေးယူဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဝန်ထမ်း အခွင့်အရေးတွေနဲ့ နိုင်ငံတကာလူ့ အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ Non-CDM ဝန်ထမ်းတွေရဲ့ ကျူးလွန်မှုတွေကို…

လောင်းလုံမှာ တစ်ပတ်ကြာပျောက်ဆုံးနေသော ဒေသခံ ၃ ဦး အလောင်းပြန်တွေ့

လောင်းလုံ၊ ဖေဖေါ်ဝါရီ ၆ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်က တစ်ပတ်ကြာပျောက်ဆုံးနေတဲ့ ဒေသခံ ၃ ဦးကို ညင်းမော်ကျေးရွာအနီးမှာ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ နေ့လည်ပိုင်းက အလောင်းသာပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပျောက်ဆုံးနေသူ ၃ ဦးက စပ်ပြဲကျေးရွာနဲ့လေးသွန်းခံကျေးရွာက အမျိုသား ၃ ဦးဖြစ်ပါတယ်။ အဆိုပါ အမျိုးသား ၃ ဦးမှာ သတ်ဖြတ်ခံရပြီးနောက် အလောင်းကို…

ထိုင်းနိုင်ငံရဲ့ မြို့ကြီးတွေက လောင်းကစားလုပ်ငန်းလုပ်ကိုင်သူ ၈၅ ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့

ပထုန်ဌာနီ၊ ဖေဖော်ဝါရီ ၅ ထိုင်းရဲတပ်ဖွဲ့၏ အကျင့်ပျက်ခြစားမှုဌာနခွဲ Counter Corruption Division (CCD) မှ ရဲတပ်ဖွဲ့ဝင်များသည် ပထုန်ဌာနီနှင့် ဆမုပရာကန်ခရိုင်များအတွင်းရှိ လောင်းကစားလုပ်ငန်းလုပ်ကိုင်နေသူများနေရာကို သောကြာ‌နေ့ညက ရုတ်တရက်ဝင်ရောက်ခဲ့ပြီး သံသယရှိသူ ၈၅ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ပထုန်ဌာနီခရိုင်ဒေသန္တရ၊ လမ်ကုက ခရိုင်ခွဲ၊ ဆာမာဖာကရမ်လလမ်းမကြီးပေါ် တည်ရှိသည့် နာနာချရွန်ဈေး အတွင်းက မှတ်ပုံတင်ထားခြင်းမရှိသော အိမ်တစ်အိမ်ကို လောင်းကစားကွန်ရက်ဆိုင်ရာ…