ဘန်ကောက်၊ ဖေဖော်ဝါရီ ၄

မငြိမ်မသက်ဖြစ်နေသော ထိုင်းတောင်ပိုင်းရှိ လက်နက်ကိုင်အကြမ်းဖက် ၃ ဦးကို ဖေဖော်ဝါရီ ၃ ရက်နေ့ တွင် ပစ်ခတ်သုတ်သင်ခဲ့သည်ဟု ထိုင်းလုံခြုံရေးအဖွဲ့အစည်းမှ ပြောကြားခဲ့သည်။ 

ထိုင်းဘုရင့်နိုင်ငံတော်၏ တောင်ဘက်အကျဆုံး ခရိုင်အတွင်းက ပဋိပက္ခများသည် လူ ၇၀၀၀ ကျော်ကို အသက်ဆုံးရှုံးစေခဲ့ပြီး မွတ်ဆလင်အများစု နေထိုင်သည့် ဒေသအတွင်း စစ်သွေးကြွများသည် ထိုင်းနိုင်ငံ တွင် ပိုမိုကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် တိုက်ပွဲဝင်နေကြသည်။  

ကိုရိုနာဗိုင်းရပ်စ်ကပ်‌ဘေးသည် ပဋိပက္ခများကို ခေတ္တ ငြိမ်သက်စေခဲ့ပြီး ယခုလများအတွင်းတွင် တိုက်ခိုက်မှုများသည် အသစ်ပြန်လည်ဖြစ်ပေါ်လာပြီးဖြစ်သည်။ 

ထိုင်းစစ်တပ်၏ ပြည်တွင်းလုံခြုံရေးဆိုင်ရာ အော်ပရေးရှင်းကွပ်ကဲဌာန military’s Internal Security Operations Command (ISOC) ၏ ပြောကြားချက်အရ စစ်သွေးကြွများသည် ဆုန်ခလာ ခရိုင်/ ဒေသန္တရ ချာနာခရိုင်၊ ဗလီအနီးရှိ အိမ်တစ်လုံးကို လုံခြုံ‌ရေးတပ်ဖွဲ့များဝန်းရံထားချိန်တွင် ၎င်း စစ်သွေး ကြွများသည် အတားအဆီးကို ဖြိုခွင်းဖို့ကြိုးစားခဲ့ရာ၌ အဆိုပါ နောက်ဆုံးအကြိမ်ဖြစ်ရပ် ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်သည်။ 

အာဏာပိုင်များ၏ ပြောကြားချက်အရ ကနဦးတွင် ဆွေမျိုးသားချင်းများနှင့် ရပ်ရွာခေါင်းဆောင်များမှ တဆင့် လက်နက်ချအရှုံးပေးရန် စစ်သွေးကြွများကို ဖြောင်းဖျဖို့ကြိုးစားခဲ့သည်ဟု ပါရှိသည်။ 

ဒေသန္တရစစ်ရေးကွပ်ကဲရေး၏ ပြောရေးဆိုခွင့်ရှိသူ ကီယာတီဆက် နီဝန် က “မနက် ၆ နာရီခန့်မှာ စစ်သွေးကြွ‌တွေက အာဏာပိုင်တွေဆီ စတင် ပစ်ခတ်ခဲ့တာပါ။ ဒီတော့ သူတို့ကလည်း ကိုယ်လုံခြုံ‌ရေး အတွက် ပြန်ပစ်ခတ်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။ 

မွန်းလွဲချိန်တွင် ထိုဖြစ်စဥ်အနီးအနား၌ လက်နက်ချခဲ့သော လေးဦးမြောက် စစ်သွေးကြွထံတွင် AK-47 နှင့်  M16 ရိုင်ဖယ်တို့ကို အာဏာပိုင်များမှ သိမ်းဆည်းခဲ့သည်။  

ဒေသခံအကြံပေးအဖွဲ့တစ်ခုဖြစ်သည့် Deep South Watch ၏ ပြောကြားချက်အရ ထိုင်းတောင်ပိုင်း တွင် ၂၀၀၄ ခုနှစ် စစ်သွေးကြွမှုများ ဖြစ်ပေါ်ချိန်ကတည်းက လူဦးရေ ၇၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး ၁၃၅၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။ 

ထိုင်းအစိုးရကိုယ်စားလှယ်များနှင့် အမျိုးသားတော်လှန်ရေးတပ်ဦး Barisan Revolusi Nasional BRN မှ ကိုယ်စားလှယ်များအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည်သည် ၂ နှစ်ကျော်ကြာရပ်ဆိုင်း ထားပြီးနောက် ဇန်နဝါရီလတွင် ကွာလာလမ်ပူမြို့၌ ပထမဆုံး အကြိမ် ပြန်လည် တွေ့ဆုံခဲ့ကြသော်လည်း ‌အောင်မြင်မှုတစုံတရာမရှိခဲ့ပေ။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.