မနီလာ၊ ဖေဖော်ဝါရီ ၃

တယ်လီကွန်ဆက်သွယ်ရေးများနှင့် မီးရထားဝန်ဆောင်မှုများတွင် နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ကို အပြည့်အဝ ခွင့်ပြုပေးသော ဥပဒေတစ်ရပ်ကို ဖိလစ်ပိုင်လွှတ်တော်မှ အတည်ပြုခဲ့သည်။

အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံခြားသားများ၏ ပိုင်ဆိုင်ခွင့်ကို ၄၀ ရာခိုင်နှုန်းအထိ ကန့်သတ်ထားသည့် ၈၅ နှစ်သက်တမ်းကြာတည်ရှိသော ဥပဒေကို ပြင်ဆင်သည့် အဆိုကို ဗုဒ္ဓဟူးနေ့ ညတွင် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့မှ စေ့စပ်ညှိနှိုင်းအတည်ပြုနိုင်ခဲ့သည်။

သမ္မတဒူတာတေး၏ အတည်ပြုချက်ပြီးလျှင် ယခုအတိုင်းအတာသည် ဥပဒေအဖြစ်အသက်ဝင်မည်ဖြစ် သည်။ 

ထိုပြင်ဆင်ချက်အဆိုကို တင်သွင်းသူ အထက်လွှတ်တော်အမတ် ဂရေစ့်ပိုး၏ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်တွင် လျှပ်စစ်မီးဖြန့်ချိရေး၊ ရေနံပိုက်လိုင်းသွယ်တန်းခြင်း၊ ရေဖြန့်ဝေရေး၊ ဆိပ်ကမ်းများနှင့် အများပြည်သူသုံး ယာဥ်လုပ်ငန်းများမှ အပ ကျန်ရှိသော လုပ်ငန်းများအားလုံးကို ဖြေလျှော့ပေးမည်ဟု ဖော်ပြထားသည်။

ဥပဒေပြဌာန်းသူများသည် တယ်လီကွန်ဆက်သွယ်ရေးများ၊ ကုန်စည်သယ်ယူပို့ဆောင် ရေးနှင့် မီးရထား လုပ်ငန်းများကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအတွက် ဖွင့်လှစ်ထားသည်ဟူသော ဥပဒေအဆိုကို အစောပိုင်းကတည်းက သဘောတူခဲ့ပြီးဖြစ်သည်။ 

(ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ) ဥရောပ ကုန်သည်ကြီးများအသင်းဥက္ကဌ လာစ့်ဝတ်တစ်ဂျ်၏ ဖော်ပြချက်တွင် “ဖိလစ်ပိုင်နိုင်ငံသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးကို ထပ်လောင်းဖြစ်ပေါ်စေမယ့် စီးပွားရေး ကဏ္ဍပြုပြင်ပြောင်းလဲမှုများကို အလျင်အမြင်ဆောင်ရွက်သင့်ပါတယ်” ပါရှိသည်။ 

ပိုး ၏ ပြောကြားချက်အရ “ဖိလစ်ပိုင်နိုင်ငံအတွင်း အများပြည်သူဝန်ဆောင်မှုများ သို့မဟုတ် အရေးကြီး အခြေခံအဆောက်အအုံများ နိုင်ငံခြားအစိုးရပိုင်လုပ်ငန်းများမှ အရင်းအနှီးပိုင်ဆိုင်ခွင့်ကို ကန့်သတ်ထား ပါတယ်” ဟု ပါရှိသည်။ 

ဘာသာပြန် – အောင်မျိုးမြတ်  

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.