February 4, 2022

အစင်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် ရွေး/ကော်အဖွဲ့ဝင် အပါအဝင် ၁၀ ဦး ဖမ်းဆီးခံရ

ရေး၊ ဖေဖော်ဝါရီ ၄ မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်စံပြကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် အပါအဝင် ၁၀ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်ဟာ ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ပိုင်းက ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်မှာ ပြုလုပ်တဲ့ နိုင်လွန်ကတ္တရာ လမ်းဖွင့်ပွဲအပြန်မှာ…

စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် မွန်က လူမှုကယ်ဆယ်ရေးအဖွဲ့တွေ ဆက်လက် ရပ်တည်ဖို့ ပိုမို ခက်ခဲလာ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၄) မွန်ပြည်နယ်မှာတော့ အာဏာသိမ်းပြီးနောက် တစ်နှစ်တာ ကာလအတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေ ဆက်လက်ရပ်တည်ဖို့ ပိုမို အခက်အခဲ ရှိလာတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ လူမှုကယ်ဆယ်ရေးအဖွဲ့တွေဟာ စစ်တပ် အာဏာသိမ်း ပြီးနောက် စက်သုံးဆီ ဈေးနှုန်း ဆက်တိုက် မြင့်တက်လာတာ၊ အလှူရှင် နည်းပါလားတာနဲ့ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် ဆက်လက် ရပ်တည်ဖို့…

တယ်လီကွန်းနှင့် မီးရထားလုပ်ငန်းကဏ္ဍများတွင် နိုင်ငံခြားသားများ၏ အပြည့်အဝပိုင်ဆိုင်ခွင့်ကို ဖိလစ်ပိုင် ခွင့်ပြု

မနီလာ၊ ဖေဖော်ဝါရီ ၃ တယ်လီကွန်ဆက်သွယ်ရေးများနှင့် မီးရထားဝန်ဆောင်မှုများတွင် နိုင်ငံခြားသားပိုင်ဆိုင်ခွင့်ကို အပြည့်အဝ ခွင့်ပြုပေးသော ဥပဒေတစ်ရပ်ကို ဖိလစ်ပိုင်လွှတ်တော်မှ အတည်ပြုခဲ့သည်။ အများပြည်သူဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံခြားသားများ၏ ပိုင်ဆိုင်ခွင့်ကို ၄၀ ရာခိုင်နှုန်းအထိ ကန့်သတ်ထားသည့် ၈၅ နှစ်သက်တမ်းကြာတည်ရှိသော ဥပဒေကို ပြင်ဆင်သည့် အဆိုကို ဗုဒ္ဓဟူးနေ့ ညတွင် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့မှ စေ့စပ်ညှိနှိုင်းအတည်ပြုနိုင်ခဲ့သည်။ သမ္မတဒူတာတေး၏ အတည်ပြုချက်ပြီးလျှင် ယခုအတိုင်းအတာသည်…