January 2022

စစ်ကောင်စီက ခရိုင်တိုးချဲ့ဖွဲ့စည်းတာဟာ PR စနစ် ရွေးကောက်ပွဲနဲ့ တော်လှန်ရေး အင်းအားစုတွေကို အနိုင်ရဖို့ ကြိုတင် ပြင်ဆင်မှုသာ ဖြစ်တယ်လို့ ဝေဖန်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၁) အာဏာသိမ်း စစ်ကောင်စီက ခရိုင်တွေ တိုးချဲ့ဖွဲ့စည်းတာဟာ PR စနစ်နဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ အနိုင်ရဖို့နဲ့ တော်လှန်ရေး အင်အားစုတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုသာ ဖြစ်တယ်လို့ နိုင်ငံရေးသမားတွေက ဝေဖန်လိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ် အပါအဝင် တိုင်းနဲ့ပြည်နယ် အားလုံးမှာ ခရိုင် ၄၂ ခု…

တိုင်းရင်းသားအရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်တို့ အကြောင်းပြနေတာကြောင့် ငြိမ်းချမ်းရေးမရတာဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

မော်လမြိုင်၊ ဇန်နဝါရီ ၂၁ ပြည်တွင်း ငြိမ်းချမ်းရေးမရခြင်းမှာ တိုင်းရင်းသားအရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်တို့ကို အကြောင်းပြနေတာကြောင့်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ယမန်နေ့ကပြုလုပ်ခဲ့တဲ့ သူ၏ အုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီးဆောင်ရွက်ရာတွင် နားလည်သူက နားမလည်သူတွေကို မြှောက်ထိုးပင့်ကော်မလုပ်ဘဲ တိုင်းပြည်အကျိုးကြည့်ကာ လက်တွဲသွားဖို့နှင့် တကယ် ငြိမ်းချမ်းချင်ရင် အားလုံး အားစိုက်ထုတ်ဖို့ လိုတယ်လို့ ထပ်မံပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာမှာ NCA နှင့်…

ထိုင်းနိုင်ငံ၏ Test and Go အစီအစဥ်ပြန်လည်စတင်မည်

ဘန်ကောက်၊ ဇန်နဝါရီ ၂၀ ထိုင်းနိုင်ငံ၏ Test and Go အစီအစဥ်ကို များမကြာမီ ပြန်လည်မိတ်ဆက်သွားမည်ဖြစ်ပြီး ထိုအစီအစဥ် အရ ပြည်ဝင်ခွင့် စည်းမျဥ်းအချို့ကို ပြောင်းလဲသတ်မှတ်ပြီး ဆိုက်ရောက်ခရီးသည်များ၏ ကျန်းမာရေးကို အနီးကပ် စောင့်ကြည့်ဖို့ ခွင့်ပြုပေးသွားမည်ဟု CCSA၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြီးအကဲ ဗိုလ်ချုပ် ဆူပို့ချ်မှ ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံအမျိုးသား လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူးလည်းဖြစ်သော ဗိုလ်ချုပ်…

နူဆန်တြာဟုအမည်ပေးထားသည့် အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်သစ်တည်ဆောက်ရေးဥ‌ပဒေကို ပါလီမန်ခွင့်ပြု

ဂျာကတာ၊ ဇန်နဝါရီ ၁၉ အင်ဒိုနီးရှားအစိုးရသည် ဂျာကတာမြို့မှ ဘော်နီအိုကျွန်းပေါ်ရှိ နေရာတစ်ခုသို့ ပြောင်းရွှေ့နိုင်ရေး အတွက် ဥပဒေတစ်ရပ်ကို အောက်လွှတ်တော်မှ အတည်ပြုပေးခဲ့ပြီး ထိုနေရာကို အင်ဒိုနီးရှား၏ မြို့တော်သစ် နူဆန်တြာဟု ခေါ် တွင်သွားမည်ဟု သိရသည်။ နီကီအေးရှားသတင်းဌာနမှ မြင်တွေ့ရသော နောက်ဆုံးမူကြမ်းတွင် ဥပဒေသည် ကျွန်းဆွယ်နိုင်ငံတစ်ခု လုံးကို ရည်ညွှန်းရာတွင် ဘုံအသုံးပြုခေါ်ဝေါ်သော အင်ဒိုနီးရှားစကားလုံးဖြစ်သည့် နူဆန်တြာ အား…

မွန်ပြည်နယ်က ဆောက်လုပ်ရေး လုပ်ငန်းတွေ ဒေဝါလီခံရမယ့် အခြေအနေကို ရင်ဆိုင်နေရ

မော်လမြိုင် ၊ ဇန်နဝါရီ (၂၀) မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်နီးပါး ကာလအတွင်းမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ ဒေဝါလီခံရမယ့် အခြေအနေကို ရင်ဆိုင်နေရပြီးလို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာ့ ငွေကြေးတန်ဖိုး ကျဆင်းပြီး ဒေါ်လာနဲ့ ဘတ်ဈေးနှုန်း ဆက်တိုက်မြင့်တက်လာလို့ ကုန်ကြမ်းပစ္စည်းတွေနဲ့ စက်သုံးဆီ ဈေးနှုန်း…

စစ်တပ်အရာရှိတွေကို ဌာနဆိုင်ရာ အကြီးပိုင်းနေရာတွေမှာ ပြောင်းရွှေ့ တာဝန်ချလာ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၉) မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ စစ်တပ်ဘက်က အရာရှိတွေကို ဌာနဆိုင်ရာတွေရဲ့ အကြီးပိုင်းနေရာတွေမှာ ပြောင်းရွှေ့ တာဝန်ချလာတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ CDM လုပ်ဆောင်သွားတဲ့ ဌာနဆိုင်ရာတွေရဲ့ ဦးစီးအရာရှိကစပြီး အကြီးပိုင်းနေရာမှာ စစ်တပ်ဘက်က လူတွေကို ပြောင်းရွှေ့ တာဝန်ချထား ပေးနေတာပါ။ အဲလို ပြောင်းရွှေ့…

မွန်က KTV တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ငွေကြေးအဆမတန် တောင်းခံနေ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၉) မွန်ပြည်နယ်အတွင်းက KTV လုပ်ငန်းတွေမှာ စစ်ကောင်စီတပ်၊ ရဲ အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက ငွေကြေး အဆမတန် တောင်းခံလာတယ်လို့ KTV လုပ်ငန်းရှင်တွေက ပြောပါတယ်။ အဲလို တောင်းခံရာမှာ တစ်ပတ်ကို အနည်ဆုံး ကျပ် ၂ သိန်းကနေ ၅ သိန်းလောက်ထိ ပေးဆောင်ရတာ ဖြစ်ပါတယ်။…

BGF တပ် စစ်ကောင်စီနဲ့ ဆက်လက် ပူးပေါင်းနေရင် တွေ့တဲ့နေရာမှာ တိုက်ခိုက်သွားမယ်လို့ KNU ပြော

မော်လမြိုင် ၊ ဇန်နဝါရီ (၁၉) ကရင်နယ်ခြားစောင့်တပ် BGF အနေနဲ့ စစ်ကောင်စီနဲ့ ဆက်လက် ပူးပေါင်းနေရင် တွေ့တဲ့နေရာမှာ တိုက်ခိုက်သွားမယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်ထဲမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်စခန်း တစ်ခုကို ပြီးခဲ့တဲ့ ဇန်နဝါရီ…