ဘန်ကောက်၊ ဇန်နဝါရီ ၂၆

ထိုင်းနိုင်ငံတွင် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို Crypto နည်းလမ်းဖြင့် အသုံးပြုပေးနိုင်ရန် ပံ့ပိုး ဆောင်ရွက်ပေးသည့် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများနှင့် ဆက်စပ်သော အော်ပရေတာများကို တားမြစ်ရန် အတွက် စီစဥ်ထားသည်ဟု နိုင်ငံ့ ဗဟိုဘဏ်နှင့် ဈေးကွက်ဆိုင်ရာ စည်းမျဥ်းပြဌာန်းသူများမှ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။  

ဒစ်ဂျစ်တယ်တန်ဖိုး/ပိုင်ဆိုင်မှု လုပ်ငန်းရှင်များသည် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် အသုံးချပေးချေမှုများ နှင့် ဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းများကို လွှမ်းခြုံနိုင်ရန် ယင်းတို့၏ စီးပွား‌ရေးလုပ်ငန်းများကို ချဲ့ထွင်ခဲ့ကြသလို  ထိုကဲ့သို့သော လုပ်ဆောင်ချက်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာကြပြီး ဖြစ်သည်ဟု ပူးတွဲ ထုတ်ပြန်ချက်တွင် သက်ဆိုင်ရာမှ ပြောကြားခဲ့သည်။ 

ထိုအခြေအနေသည် ဘဏ္ဍာရေးဆိုင်ရာ တည်ငြိမ်မှုနှင့် အလုံးစုံသော စီးပွားရေးစနစ်ကိုပါ သက်ရောက် စေနိုင်သည့် အလားအလာရှိသည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ခရစ်ပ်တို (Crypto) သုံးစွဲမှု မြင့်တက်လာချိန်‌နေသည့်အတောအတွင်း အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံရှိ စည်းမျဥ်းဥပ‌ဒေပြဌာန်းသူများအနေဖြင့် စီးပွားရေးလုပ်ငန်းများတွင် ခရစ်ပ်တို (Crypto) ရောင်းချမှုများ ကို ကမ်းလှမ်းခြင်းနှင့် ပံ့ပိုးဆောင်ရွက်ခြင်းများ မပြုလုပ်ရန် သတိပေးခဲ့ပြီးနောက် ထိုင်းနိုင်ငံအနေဖြင့် လည်း ယင်းကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။ 

ထိုင်းနိုင်ငံဗဟိုဘဏ်အနေဖြင့် ခရစ်ပ်တို (Crypto) ကို ပေးချေမှုများအဖြစ် အသုံးပြုခြင်းကို ပံ့ပိုး‌မှု မပြုကြရန်အတွက်လည်း ထပ်ခါတလဲ ဖိအားပေးပြောကြားခဲ့ပြီးဖြစ်သည်။ 

အဆိုပါစည်းမျဥ်းအသစ် စတင်အသက်မဝင်ခင် ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ လူထုကြားနားမှုကို ဆောင်ရွက်သွားမည်ဟု ထိုင်းဘဏ္ဍာရေးဆိုင်ရာ လုံခြုံရေးနှင့် လဲလှယ်ရေး ကော်မရှင် (SEC)  မစ္စ ချာရူဖန် အင်ထာရာရွန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

မစ္စ ချာရူဖန်၏ ပြောကြားချက်အရ “ရင်းနှီးမြှုပ်နှံသူများ၊ စားသုံးသူများနှင့် နိုင်ငံသားများသည် ရင်းနှီး မြှုပ်နှံမှုအတွက် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများကို ပုံမှန်အတိုင်း ရောင်းဝယ်ဖောက်ကားနိုင်မည်” ဟု ပြောကြားခဲ့သည်။ 

ထိုင်းဗဟိုဘဏ်၏ လက်ထောက်အုပ်ချုပ်အရာရှိ ဆရီသီဒါ ပန်နိုမ်ဝန် နာ အယွတ်ထာယာ က နိုင်ငံအတွက် လုပ်‌ဆောင်လည်ပတ်ရာမှာအကျိုးရှိစေမည့် ဒစ်ဂျစ်တယ်တန်ဖိုးပိုင် ဆိုင်မှုများကို ခွင့်ပြု ပေးနိုင်ရေးအတွက် ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ အေဂျင်စီများမှ စဥ်းစားသွားမည်ဟု ‌အ‌သေးစိတ်အချက်အလက်ကိုအချက်အလက်ကို ရှင်းလင်းခြင်းမရှိဘဲ ပြောကြားခဲ့သည်။

ကုန်သွယ်ခြင်းနှင့် ခရစ်ပ်တို (Crypto) ငွေကြေးများဖြင့် ကုန်သွယ်ခြင်းသည် ထိုင်းနိုင်ငံအတွင်းတွင် အရှိန်အဟုန်တစ်ခုရောက်ရှိလာခဲ့ပြီး အိမ်ခြံမြေလုပ်ငန်းရှင်များသည်လည်း ဒစ်ဂျစ်တယ်တန်ဖိုးပိုင်ဆိုင်မှုများဖြင့် ပေးချေခြင်းကို လက်ခံလျှက်ရှိသည်။

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.