January 26, 2022

(၂)နှစ်နီးပါး လုပ်ငန်းရပ်နားထားရတဲ့အတွက် လက်မှုလုပ်ငန်းတွေ ပျောက်ကွယ်မှာကို လက်မှုပညာရှင်တွေ စိုးရိမ်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၆) ၂ နှစ်နီးပါးအကြာ ပိတ်ထားရတဲ့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာက ဆေးတံလုပ်ငန်း အပါအဝင် လက်မှုလုပ်ငန်းတွေ ပျောက်ကွယ်မှာကို စိုးရိမ်နေရတယ်လို့ ဆေးတံလုပ်ငန်းရှင်တွေက ပြောပါတယ်။ လက်မှုလုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါနဲ့အတူ စစ်တပ်အာဏာသိမ်ပြီးနောက် နိုင်ငံရေး မတည်ငြိမ်တဲ့အတွက်ကြောင့် ခရီးသွားဧည့်သည်ဝင်ရောက်မှု မရှိသလောက် နည်းပါးလာတာနဲ့ မှာယူသူမရှိတာကြောင့် လုပ်ငန်းတွေ ပိတ်သိမ်းထားရတာ ဖြစ်ပါတယ်။ လက်မှုလုပ်ငန်းတွေ…

စက်သုံးဆီဈေးနှုန်း မြင့်တက်မှုတွေကြောင့် တက်စီမောင်းသူတွေ အခက်တွေ့

မော်လမြိုင် ၊ ဇန်နဝါရီ (၂၆) မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာမှုနဲ့အတူ ခရီးသည်ရရှိမှု နည်းပါးလာတာကြောင့် လုပ်ငန်း ရပ်နားမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ တက်စီမောင်းသူတွေက ပြောပါတယ်။ စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဈေးနှုန်း ၂ ဆနီးပါး မြင့်တက်ရာကနေ အခုအခါမှာတော့ တစ်လီတာကို ကျပ် ၂၀၀ လောက်ထိ ထပ်မံမြင့်တက်လာတာပါ။ လက်ရှိမှာတော့…