January 24, 2022

စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် ကော့ကရိတ်မြို့နယ်က ဒေသခံ (၂၀၀၀၀)ကျော် စစ်ဘေးရှောင်ရ

မော်လမြိုင်၊ ဇန်နဝါရီ (၂၄) စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက ဒေသခံ (၂၀၀၀၀)ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူ-ဒူးပလာယာခရိုင်က ဇန်နဝါရီ (၂၃)ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ (၇)ရက်နေ့မှာစတင်ခဲ့တဲ့ တိုက်ပွဲက (၂၃)ရက်နေ့ထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေပါ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကော့ကရိတ်မြို့နယ်ထဲက ကော့နွဲ၊ ကမိုင်ကုန်း၊ ရွာသစ်ကုန်း၊ မြို့ဟောင်း၊…

မူးယစ်ဆေးဝါးအကြောင်းပြပြီး ထားဝယ်ဒေသခံ (၂၀၀)ကျော်ကို စစ်ကောင်စီ ဖမ်းဆီးခဲ့

မော်လမြိုင် ၊ ဇန်နဝါရီ (၂၄) တနင်္သာတိုင်းဒေသကြီး ထားဝယ်မြို့နယ်မှာ စစ်ကောင်စီက မူးယစ်ဆေးဝါးအကြောင်းပြချက်နှင့် ဒေသခံ (၂၀၀)ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း လူ့အခွင့်အရေးလှုပ်ရှားနေသူတွေက ပြောပါတယ်။ ဖမ်းဆီးမှုတွေကို ဇန်နဝါရီလဆန်းပိုင်းကတည်းက စတင်ခဲ့တာဖြစ်ပြီး အဖမ်းခံရသူတွေထဲမှာ သက်ကြီးရွယ်အိုတွေအပြင် လူလတ်ပိုင်း အမျိုးသမီးတွေနှင့် အမျိုးသားတွေလည်း ပါဝင်နေပါတယ်။ “အရင်က လူငယ်ပိုင်းတွေကိုဘဲ ဖမ်းတယ်။ အကြောင်းပြတာက PDF နဲ့ပတ်သက်တာ၊ ကူညီထောက်ပံတာပေါ့။…