January 23, 2022

စစ်ကောင်စီက ရွေးကောက်ပွဲ မဲမသမာ စာအုပ် ဖြန့်ဝေဆပ်ကပ်တာဟာ ဘာသာရေးကို ခုတုံးလုပ်တာလို့ ရဟန်းသံဃာတော်တွေ ဝေဖန်

မော်လမြိုင် ၊ ဇန်နဝါရီ (၂၃) အာဏာသိမ်း စစ်ကောင်စီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲမသမာမှု စုံစမ်းတွေ့ရှိချက် အစီရင်ခံစာ စာအုပ် ဖြန့်ဝေဆပ်ကပ်တာဟာ ဘာသာရေးကို ခုတုံး လုပ်တာ ဖြစ်တယ်တယ်လို့ ရဟန်းသံဃာတော်တွေက ဝေဖန်လိုက်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီက သူတို့ ပြုစုထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှာ စုံစမ်းတွေ့ရှိချက်အစီရင်ခံစာ စာအုပ်ကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့အတွက်…

အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေ ပိုမို အကြမ်းဖက်ခံနေရ

မော်လမြိုင် ၊ ဇန်နဝါရီ (၂၃) စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်နီးပါးကာလအတွင်း မွန်ပြည်နယ်မှာတော့ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရမှုတွေကို ပိုမိုရင်ဆိုင်ခဲ့ရတယ်လို့ အမျိုးသမီးအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့အတူ စစ်တပ် အာဏာသိမ်းမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာပြီး မိသားစုစားဝတ်ရေး အခက်အခဲကြောင့် အမျိုးသမီးအများစုဟာ အိမ်တွင်း အကြမ်းဖက်မှု ဒဏ်ကို အကြီးအကျယ်ခံစားနေရတာ ဖြစ်ပါတယ်။ “အများဆုံးဖြစ်နိုင်တာကတော့ နိုင်ငံရေးအကြပ်အတည်း။…

အဝေးပြေးယာဉ်လိုင်းတွေ ကုန်ပစ္စည်း တင်ဆောင်ခွင့် ကန့်သတ်ခံရလို့ အခက်ကြုံ

မော်လမြိုင် ၊ ဇန်နဝါရီ (၂၃) မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်ကောင်စီက အဝေးပြေးယာဉ်လိုင်းတွေကို ကုန်ပစ္စည်းတင်ဆောင်ခွင့် ကန့်သတ်ထားတဲ့အတွက်ကြောင့် အခက်အခဲတွေ ရှိနေကြတယ်လို့ အဝေးပြေးယာဉ်လိုင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။ စစ်ကောင်စီက အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ ကုန်ပစ္စည်း တင်ဆောင်ရာမှာ ယိုးဒယားက တင်းသွင်းလာတဲ့ ကုန်ပစ္စည်းတွေ ဖြစ်တဲ့ ဆေးပုလင်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ ဝါယာကြိုးတွေ၊ ပုခတ်တွေ အပါအဝင် ကုန်ပစ္စည်း အများစုကို…

လေးကြိမ်မြောက် ကာကွယ်ဆေးထိုးနှံရေးအတွက် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ အဆိုပြု

ဘန်ကောက်၊ ဇန်နဝါရီ ၂၃ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသည် ရှေ့တန်းဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ စေတနာ့ဝန်ထမ်း အုပ်စု အဖွဲ့များနှင့် အခြေခံကျန်းမာရေးပြဿနာရှိသူများကို လေးကြိမ်မြောက် ကာကွယ်ဆေးထိုးနှံရေး ကို အတည်ပြုပေးဖို့ CCSA ကို မေးမြန်းထားပြီးဖြစ်သည်။ ကူးစက်မှုနှုန်းမြင့်မားသည့် ခရိုင် ၆ ခုနှင့် ခရီးသွားဧည်သည့်များ ဦးတည်သွားရောက်သည့် နေရာ ၄ ခုတွင် ပါဝင်ဖွဲ့စည်းသော ခရိုင် ၁၀ ခုကို…